Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts

Saturday, July 13, 2013

★စိတ်တံခါး ★



ညမှာဖြစ်ဖြစ်
နေ့မှာဖြစ်ဖြစ်
မင်းအရာအားလုံးကိုမင်းမြင်နိုင်ပါတယ်
နေ့တွေမှာ
မင်းဘာကြောင့်ပြတင်းတံခါးကိုပိတ်ထားတာလဲ?
မင်းတံခါးလေးကိုသာဖွင့်ထားလိုက်ပါ
တံခါးလေးကိုဖွင့်ထားလိုက်တာနဲ့
မင်းသဘာဝကိုခံစားနိုင်မယ်
မင်းအတွက်အမြင်သစ်တွေရမယ်
ကမ္ဘာလောကကြီးရဲ့ပြစ်ပျက်နေတာကိုလည်းတွေနိုင်မယ်
တကယ်လို့မင်းငါကိုလွမ်းတယ်ဆိုတံခါးလေးကိုလာခဲ့ပါ
မင်းငါနဲ့တွေတဲ့ခဏစိတ်ချမ်းသာရလိမ့်မယ်
မင်းစိတ်တံခါးကိုဖွင့်လိုက်ပါ
ညမှာကော
မင်းဘာလို့တံခါးကိုပိတ်ထားတာလဲ?
မင်းညအလင်းရောင်
လမင်းအလင်းရောင်
ခံစားနိုင်မယ်
လေပြေလေးတွေငှက်ကလေးတွေတွန်ကြုးသံတွေ
မင်းစိတ်ကိုတံခါးမပိတ်ထားလိုက်ပါနဲ့
မင်းနဲ့အတူညအလှတွေခံစားဖို့
မင်းစိတ်တံခါးကိုဖွင့်လိုက်ပါ
လူတိုင်း..လူတိုင်းမှာတံခါးလေးတွေကိုယ်စီပိုင်ဆိုင်ထားကြတယ်
မင်းမှာလည်းတံခါးလေးရှိတယ်
ဘာကြောင့်မင်းပိတ်ထားရတာလဲ
မင်းမျက်လုံးကိုဖွင့်ထားလိုက်ပါ
မင်းနှလုံးသားလေးကိုဖွင့်ထားလိုက်ပါ
မင်းစိတ်ကိုလည်းဖွင့်ထားလိုက်ပါ
မင်းဘာကြောင့်ခံစားနေမှာလဲ
စိတ်ပင်ပန်းခံနေလဲ
စိတ်အားငယ်နေမှာလဲ
ငါကြောင့်လား
ကိုယ်ကိုတိုင်ကြောင့်လား
လူတွေကြောင့်လား
မင်းမိဘတွေကြောင့်လား
ပတ်ဝန်းကျင်ကြောင့်လား
မင်းတယောက်တည်းခံစားမနေပါနဲ့

မင်းတံခါးလေးသာဖွင့်ထားလိုက်ပါချစ်သူရယ်
မင်းနဲ့တွေဆုံဖို့ငါလာနိုင်ပါတယ်
အဲဒီတံခါးလေးဆီ..............
တို့တွေစိတ်တံခါးလေးကိုဖွင့်ပြီးပွင့်လင်းကြစို့နော်...။
အားလုံးကိုလေးစားလျှက်
စိတ်တံခါးလေးတွေကိုယ်စီဖွင့်ပြီးချစ်သူတိုင်းပွင့်လင်းနိုင်ကြပါစေ။

***""" ဘယ်လောက်ချစ်လဲ ???"""***



***""" ဘယ်လောက်ချစ်လဲ ???"""***
JeepKan2Kgmalay2jpg.jpg JeepKan2Kgmalay2jpg.jpg
8K   View   Share   Download  

*** မဟော်သဓာ ဇာတ်တော်ထဲမှာတော့
အမရာဒေ၀ီက အသပြာတစ်ထောင်ထုတ်နဲ့
လာဖြားယောင်းတာတောင်မှ
သူချစ်တဲ့ အပ်ချုပ်သမားကို
ပစ်မသွားဘူးတဲ့.........
*** မဒ္ဒီဒေ၀ီက သူ့ချစ်လင်
ဝေသာန္တရာ မင်းကြီး
နန်းစွန့်ဖို့ တောအရပ်မှာနေရတဲ့
အခါ စားစရာတောင်
 ရှာကြွေးပါသတဲ့.........
*** သမ္ဗူလကလည်း ကျန်စစ်သား
ဒုက္ခရောက်နေချိန်မှာ
မညည်းမညူ
ပြုစုပေးတယ်တဲ့................

...
*** ကိန္နရာကတော့ သူ့ချစ်လင်
မြားမှန်တဲ့အခါ
သူ့ရဲ့သစ္စာနဲ့ ပြန်လည်လို့
အသက်ရှင်သန်စေပါသတဲ့......
ရာဇ၀င်ထဲက စံတင်လောက်တဲ့
မိန်းမမြတ်တွေရဲ့
စံပြအချစ်တွေပေါ့..........
*** ချစ်သူ
နင်ရော....................
ငယ့်ကို ဘယ်လိုအချစ်မျိုးနဲ့
ချစ်တာလဲ........???
ငယ်ကတော့............
*** အမရာ၊ ကိန္နရီ
မဒီ၊ သမ္ဗူလတို့လို
တော်လေးဝတဲ့ မိန်းမမြတ်စာရင်းမှာ
မပါဝင်ပေမယ့်
နင့်အပေါ်ထားတဲ့
ငယ့်ရဲ့ အချစ်က
သူတို့ထက်
 အဆပေါင်းများစွာ သာပြီး
နင့်ကို အသဲနင့်အောင်
ချစ်တယ်ဆိုတာ
နင်ယုံကြည်ပေးပါ
ချစ်သူ...................။ ။***
JeepKan2Kgmalay.jpg JeepKan2Kgmalay.jpg
8K   View   Share   Download  

Tuesday, July 2, 2013

ရမ်ဘိုရဲ့ ကဗျာ


ဓါတ်ပုံ။ Lionsgate
သတင်း။ http://www.usatoday.com/life/movies/news/2007-11-14-rambo_N.htm
ရမ်ဘိုက မြန်မာပြည်ကိုဝင်ပြီးကယ်တင်တဲ့အကြောင်း ဟောလီးဝုဒ်မင်းသားစတောလုံးက ရမ်ဘို (၄) ဆိုပြီး ရိုက်ခဲ့ပါတယ်။ မကြာခင်မှာ ရုံတင်မယ် ယူဆရပါတယ်။ သူက သတင်းတပုဒ်မှာ ပြောပုံက ကဗျာဆန်လှပါတယ်။ သူက ကဗျာဆရာ မဟုတ်ပေမယ့် ကျနော်ကတော့ ကဗျာလိုခံစားလိုက်ရပါတယ်။
စစ်ဆိုတာ....

ငြိမ်းချမ်းရေးဆိုတာ
မတော်တဆ ကြုံကြိုက်မှုဖြစ်ပေလိမ့်မယ်။
စစ်မက် ပဋိပက္ခဆိုတာတော့
လူသားတွေရဲ့ သဘာဝပေပဲလား။

လူအိုတွေက စသွားခဲ့တယ်။
လူငယ်တွေက ဆက်တိုက်နေကြရရဲ့
ကြားထဲက လူတွေကတော့ သေကြရတယ်။

ဘယ်သူကမှ အမှန်တရားကို မပြောကြလေဘူး။


Related Posts Plugin for WordPress, Blogger...