Friday, September 13, 2013

ဓါတ်ပုံဝါသနာရှင်များ အတွက် ပို့စ်ပေါင်း ၅၀၀ စာအုပ် (19.3MB)


  
ဓါတ်ပုံဝါသနာရှင် သူငယ်ချင်းများအတွက် Pose ပေါင်း ၅၀၀ ဆိုတဲ့ စာအုပ်လေးမျှဝေပေးလိုက်ပါတယ်။ ဓါတ်ပုံရိုက်ရင် Pose ဘယ်လိုလုပ်ရမလဲ မသိရင် ဒီစာအုပ်လေးထဲမှာ ကြည့်လိုက်နော်၊ ပုံတွေကလည်း မိန်းကလေးပုံတွေကြီးပဲ.......ဟိဟိ။ ရေလည်လန်းတယ်။ မရှိသေးရင်ဆောင်ထားလိုက်နော်.......:P
 
Download=>> Link 1, Link 2


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************

အကယ်ဒမီခန့်စည်သူနှင့်တွေ့ဆုံခြင်း


''ကျွန်တော်တို့နိုင်ငံမှာက လူတန်းစားနှစ်ရပ်ဖြစ်နေပါတယ်။ ထားစရာမရှိတဲ့ လူတန်းစားနဲ့ စားစရာမရှိတဲ့ လူတန်းစားပါ''

အနုပညာရှင်များထဲတွင် ပရဟိတလုပ်ငန်းများကို စိတ်ဝင်တစားလုပ် ကိုင်နေကြသူတွေ အများအပြားရှိပါတယ်။ အဲဒီလို လုပ်ကိုင်ကြသူ တွေထဲမှာ အနုပညာရှင်များစွာ ပါဝင်ဖွဲ့စည်းထားသော မေတ္တာသင်္ဂဟအဖွဲ့မှ အကယ်ဒမီခန့်စည်သူလည်း အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် ခန့်စည်သူနဲ့ သူ့ရဲ့ 'ပရဟိတ'လုပ်ငန်းတွေအကြောင်းကို အခုလိုပဲ တွေ့ဆုံမေးမြန်းဖြစ် ခဲ့ပါတယ်။

မေး - ပရဟိတဆိုတာကို ကိုခန့် ဘယ်လိုခံယူထားလဲ။

ဖြေ - ပရဟိတဆိုတာက လူတွေ တစ်ဦးနဲ့တစ်ဦး ကိုယ်ချင်းစာစိတ်ရှိ ကြဖို့ပါပဲ။ လူဆိုတာ ဘာလဲ။ လူပီသဖို့ဆိုရင် တစ်ဦးနဲ့တစ်ဦး ကိုယ် ချင်းစာတရား ရှိရမယ်။ ကိုယ်က သူများကိုကြမ်းကြမ်းတမ်းတမ်း နစ်နစ်နာနာပြောဆိုလိုက်မယ်ဆိုရင် မပြောခင်ကတည်းက စဉ်းစား သင့်တယ်။ ငါ့ကို တစ်စုံတစ်ယောက်ကသာ ဒီလိုမျိုးလာပြောမယ် ဆိုရင် ငါသည်းခံနိုင်မလား။ ငါသည်းမခံနိုင်ရင် သူများကလည်း ငါ ပြောတာကို လက်ခံချင်ပါ့မလားဆိုတာကို စဉ်းစားသင့်တယ်။ ငါလုပ် လိုက်တဲ့လုပ်ရပ်က မှန်ရဲ့လား။ ငါပြောလိုက်တဲ့စကားက သူ့အတွက် ဘယ်လောက်တောင်နစ်နာသွားမလဲဆိုတာကို စဉ်းစားမယ်ဆိုရင် ဒီ ထက်ပိုပြီးတော့ ပရဟိတလုပ်ငန်းတွေ ပိုပြီးများလာလိမ့်မယ်လို့ ထင် တယ်။ ကျွန်တော်ကတော့ ပရဟိတဆိုတာ တစ်ဦးနဲ့တစ်ဦး ကိုယ်ချင်း စာစိတ်ရှိတတ်ဖို့ပဲ လိုအပ်တယ်လို့ထင်တယ်။ လူတိုင်းက ကိုယ်ကိုယ် တိုင်တွေ့ကြုံခံစားရတော့မှ ခံစားရကောင်းမှန်း သိကြတာပါ။ ပရဟိတ လုပ်ချင်တဲ့စိတ်ဓာတ်က ဘယ်လိုအရာတွေနဲ့မှ နှိုင်းယှဉ်ပြလို့ မရပါဘူး။

မေး - ပရဟိတအနေနဲ့ သွားပြီးတော့လှူဒါန်းတဲ့နေရာတွေမှာ ကြုံ တွေ့ခဲ့ရတဲ့အတွေ့အကြုံလေးတွေလည်း ပြောပြပေးပါဦး။

ဖြေ - ကျွန်တော်တို့နိုင်ငံမှာက လူတန်းစားနှစ်ရပ်ဖြစ်နေပါတယ်။ ထားစရာမရှိတဲ့ လူတန်းစားနဲ့ စားစရာမရှိတဲ့လူတန်းစား ဆိုပြီးတော့ ဖြစ်ပေါ်နေ တဲ့အခြေအနေမှာ ထားစရာမရှိတဲ့ သူတွေကျတော့လည်း ကားတွေတစ်စီးပြီးတစ်စီးဝယ်၊ မြေတွေ တစ်ဧကပြီးတစ်ဧကပိုင် ဖြစ် နေတဲ့အခြေအနေမှာ စားစရာမရှိတဲ့သူတွေကျတော့လည်း တစ်နေ့ တစ်နေ့ ထမင်းနပ်မှန်အောင်စားရဖို့အတွက် အတင်းရုန်းကန်နေရ ပြီး သူတို့အတွက် တစ်နေ့တာဖြတ်သန်းမှုက သိပ်ကိုပင်ပန်းဆင်းရဲ ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေတယ်။ ဒီလိုကွာခြားရတဲ့အထဲ သဘာဝဘေး အန္တရာယ်တွေ၊ ပြီးတော့ စစ်ဘေးဒုက္ခတွေကြောင့် သူတို့မှာ ဒုက္ခအ မျိုးမျိုးကို ခါးစည်းခံနေရတယ်။ ဒီလိုမျိုးတွေ ကျွန်တော်ပြောပြတယ် ဆိုတာကလည်း ဘဝပေးအခြေအနေတွေ ကွာခြားတယ်ဆိုတာကို နှိုင်းယှဉ်ပြတာပါ။

မေး - မေတ္တာသင်္ဂဟအဖွဲ့အနေနဲ့ ဘယ်လိုနေရာမျိုးတွေကို သွားရောက် လှူဒါန်းပြီးပြီလဲ။

ဖြေ - မေတ္တာသင်္ဂဟအဖွဲ့အနေနဲ့က ဘယ်လိုနေရာမျိုးမှ လှူမယ် ဆိုတာမျိုး မဟုတ်ပါဘူး။ ဘယ်နေရာပဲဖြစ်ဖြစ် ဒုက္ခရောက်နေတဲ့ နေရာမှန်သမျှကို လှူဒါန်းသွားတာပါပဲ။ အခုလောလောဆယ် ကျွန်တော် တို့ ရန်ကုန်ကလေးဆေးရုံ၊ ပညာရေးဖောင်ဒေးရှင်း၊ ကူးစက်ဆေးရုံ၊ စာကြည့်တိုက်ဖောင်ဒေးရှင်း၊ အင်းစိန်အကျဉ်းဦးစီးဌာန၊ ကရင်ပြည် နယ် စစ်ဘေးဒုက္ခသည်တွေ၊ ဒုက္ခသည်စခန်းတွေ၊ ဆေးရုံတွေ အခု ဆိုရင် သွားလှူတာ နေရာ ၂ဝကျော်နေပါပြီ။ ဒီထက်လည်း နောက်ပိုင်း မှာ သွားလှူနိုင်မယ်လို့ထင်ပါတယ်။

မေး - ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ ကလေးသူငယ်တွေရဲ့ ပညာရေး အခြေအနေလေးတွေကိုလည်း ပြောပြပေးပါဦး။

ဖြေ - တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအကျ ဆုံးနဲ့ အခြေခံအကျဆုံးက ကလေးသူငယ်တွေပါပဲ။ ဒုက္ခရောက်နေ တဲ့အတွက် သူတို့လေးတွေရဲ့ပညာရေးအခြေအနေက အင်မတန်ရင် လေးစရာကောင်းပါတယ်။ ပညာသင်ရမယ့်အရွယ်တွေမှာ ပညာမ သင်နိုင်ကြဘဲ သဘာဝဘေးအန္တရာယ်တွေ၊ စစ်ဘေးအန္တရာယ်တွေ အမျိုးမျိုးကိုရင်ဆိုင်နေကြရတော့ သူတို့လေးတွေရဲ့ ပညာရေးအခြေ အနေက ဆိုးရွားလာပါတယ်။ ဒါပေမဲ့ ၂၀၀၈ခုနှစ်မှာ ကျရောက်ခဲ့တဲ့ နာဂစ်က အဆိုးထဲက အကောင်းလို့တောင်ပြောရမယ်။ နာဂစ်ဒဏ် ကိုခံလိုက်ကြရတဲ့အတွက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအားလုံးကို လှုပ်နှိုးလိုက်သလိုပါပဲ။ အဲဒီတော့မှ ပရဟိတစိတ်တွေဖြစ်ပေါ်လာ ကြပြီး ပရဟိတလုပ်ငန်းတွေကို အရင်ကထက်ပိုပြီးတော့ လုပ်လာကြ တယ်။ အရင်ကထက်စာရင် အခုက လူတိုင်းလိုလို၊ နေရာတိုင်းလိုလို ပရဟိတလုပ်ဖို့ စိတ်အားထက်သန်နေကြတဲ့အတွက် ဝမ်းသာစရာ ကောင်းပါတယ်။

မေး - မြန်မာနိုင်ငံမှာ လက်ရှိလုပ်ကိုင်နေကြတဲ့ ပရဟိတလုပ်ငန်းတွေ အတွက် ပြောချင်တာတွေရှိရင်လည်း ဖြေကြားပေးပါ။

ဖြေ - အဓိကလိုအပ်တာက ပရဟိတအဖွဲ့အစည်းတွေကို စနစ် တကျနဲ့ဖွဲ့စည်းထားနိုင်ဖို့ လိုအပ်တယ်။ ဒီထက်ပိုပြီးတော့ စည်းစနစ် ကျတဲ့အဖွဲ့အစည်းတွေပေါ်ပေါက်လာရင် ဒီထက်ပိုပြီးတော့ အဆင် ပြေလာနိုင်မယ်။ ကိုယ့်တိုင်းပြည်မှာ ဘာတွေဖြစ်နေလဲဆိုတာကို လူ ငယ်လူရွယ်တိုင်း ကြည့်တတ်ဖို့လိုအပ်ပါတယ်။ ဘယ်လိုအခြေအနေမှာ ဘာတွေလုပ်ပေးနိုင်သလဲဆိုတာကို စဉ်းစားတတ်ဖို့တွေ လိုအပ်နေ ပါတယ်။


နွေးနွေးတွေ့ဆုံမေးမြန်းသည်

Wednesday, September 11, 2013

အဆိုတော် N ကိုင်ရာ သီတင်းကျွတ်မှာလက်ထပ်မယ်




အဆိုတော်Nကိုင်ရာဟာသူမရဲ့ချစ်သူနဲ့လာမယ့်အောက်တိုဘာ25မှာေ၇ွှလက်တွဲတော့မှာဖြစ်ပါတယ်။
သူမရဲ့မင်္ဂလာပွဲကိုကချင်ဘုရားကျောင်းမှာကျင်းပမှာဖြစ်ပြီးအောက်တိုဘာ30မှာတော့ဆီဒိုးနားဟိုတယ်မှာ
ညစာစားပွဲကျင်းပသွားမယ်လို့သိရပါတယ်။ သူငယ်ချင်းတွေကတော့ဒီအရွယ်နဲ့အိမ်ထောင်ပြုတာမစောဘူးလား လို့ မေးကြတယ်။ 

ပရိသတ်တွေကတော့ဘယ်လိုမျိုးဝေဖန်ကြမလဲဆိုတာမပြောတတ်သေးပါဘူး။အိမ်ထောင်ရှင်မကောင်း
တစ်ဦးဖြစ်ဖို့အမေကအကုန်သွန်သင်ပေးပါတယ်။အိမ်ထောင်ကျပြီးရင်လည်းအနုပညာအလုပ်တွေ
ဆက်လုပ်သွားမှာ ပါလို့ sunday ဂျာနယ်ကို ပြောပြခဲ့ပါတယ်။
sunday ဂျာနယ်

Wednesday, September 4, 2013

Netguide Journal Vol (2), Issue (100) (4.9.13)




NetGuite ဂျာနယ်ကို အပတ်စဉ် ဗုဒ္ဒဟူးနေ့တိုင်းတင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ NetGuide ဂျာနယ် ကိုဖတ်ချင်သူများအတွက်မူရင်းဆိုဒ်က နေပြီး ဒေါင်းလုပ်လင့်ကိုတင်ပေးလိုက်ပါတယ်။ Issue (100)ကို တင်ပေးလိုက်ပါတယ်ဗျာ။ ဒီနေ့ 4 ရက်နေ့ထွက် Update လေးပါ။ ဂျာနယ်ကိုဝယ်ဖတ်ရန်အတွက် အဆင် မပြေသောနေရာဒေသမှ သူငယ်ချင်းများအားလုံးအဆင်ပြေကြပါစေဗျာ။
 
 

Sunday, September 1, 2013

USB Stick , SD Card တွေကို 4GB အထိတိုးကြမလား...??

သိတဲ့သူတွေသိကြမှာပါ အရင်တုန်းက 1GB ပမာဏရှိတဲ့ Memory Stick , SD Card တွေကို  2GB အထိတိုးတဲ့ Software လေးရှိခဲ့ဖူးပါတယ်.အခုလဲရှိပါတယ်..အဲဒီတုန်းက ကျနော် စမ်းသပ်ရင်း တကယ်တိုးသွားတာလဲ မြင်ရရော..တော်တော်ပျော်ပြီး သူငယ်ချင်းတွေကို လျှောက်ကြွားခဲ့ဖူးပါတယ်.. သူငယ်ချင်းတွေကလဲ..2GB ကနေ 4GB အထိရော တိုးမရဘူးလားတဲ့...? ကျနော့်ကို မေးခွန်းထုတ်ခဲ့ဖူးပါတယ်..ကျနော်ပြန်မဖြေနိုင်ခဲ့ပါဘူး..............အခု ကျနော်ပြန်မဖြေနိုင်ခဲ့တဲ့ မေးခွန်းရဲ့အဖြေကိုဖြေရှင်းပေးဖို့ အဖြေထွက်ပေါ်လာပါပြီ...4GB ပမာဏ အောက်ရှိတဲ့ Error ကင်းစင်သော မည်သည့် Memory Stick, SD Card ကိုမဆို 4GB ထိရောက် အောင်တိုးပေးနိုင်တဲ့နည်းလမ်းလေး..အားလုံးနဲ့မိတ်ဆက်ပေးပါ့မယ်ခင်မျာ..ကျနော်ကိုယ်တိုင် စမ်းသပ်သလို..မလေးရှားက အစ်ကိုတစ်ယောက်နဲ့လည်းစမ်းသပ်အောင်မြင်ပြီးပါပြီ..ဒါကြောင့် အားလုံးရဲ့အရှေ့ကို ချပြလိုက်ပါပြီခင်ဗျာ..ဒီနေရာလေးမှာ

MOTAA Horo Myanmar V1.0 For Android




မြန်မာဇာတာခွင်တွေ တွက်ချက်နိုင် ၊ ဇာတာခွင်တွေဖွဲ့နိုင်တဲ့ မြန်မာ Android ဖုန်း Application လေးပါ။ ဇာတာတွက်ချက်မှုဆိုင်ရာ fuction တွေတော်တော်လေးကိုစုံလင်လှပတဲ့ မြန်မာဗေဒင် application လေးဖြစ်ပါတယ် ။ MOTAA Horo Myanmar v1.0 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။

လုပ်ဆောင်ချက်တော်တော်စုံတဲ့ဆောစ့်ဝဲလ် အလန်း Free Studio 2013 v6.1.11.827



ဒီဆောစ့်ဝဲလ်လေးကတော့ လုပ်ဆောင်ချက်တွေတော့တော်တော်လေးကိုစုံပါတယ် 73MB ရှိပါတယ်
ဒီတစ်ခုကိုဆောင်ထားယုံနဲ့ လုပ်ဆောင်ချက်များစွာလုပ်လို့ရပါတယ်
အသုံးဝင်ပုံအနည်းငယ်ကိုပြောရမယ်ဆိုရင်
YouTubeကနေကိုယ်နှစ်သက်တဲ့ သီချင်းတွေး အလွယ်တကူဒေါင်းလို့ရပါတယ်
သီချင်းတွရုပ်ရှင်တွေကို ကိုယ်ဖုန်းမှာ ကြည့်လို့အဆင်ပြေအောင် Converter လုပ်လို့ရပါတယ်
ခွေကူးခြင်း ကွန်ပျူတာကို Video Recorder လုပ်ခြင်း
Videoစောင်းနေတာကိုပြန်တည့်ပေးခြင်း စသည်ဖြင့် အသုံးပြုလို့ရပါတယ်
Free ဗားရှင်းဆိုပေမယ့် တကယ်အသုံးဝင်ပါတယ် ဆောင်ထားသင့်တဲ့ ဆောစ့်ဝဲလ်လေးပါဘဲ
http://www.downloadcrew.com/ မှာရယူနိုင်ပါတယ် 


Free YouTube Download
Free YouTube to MP3 Converter
Free YouTube to iPod and PSP Converter
Free YouTube to iPhone Converter
Free YouTube to DVD Converter
Free YouTube Uploader
Free DVD Video Converter
Free Video to DVD Converter
Free Video to Flash Converter
Free 3GP Video converter
Free Video to iPod and PSP Converter
Free Video to iPhone Converter
Free Video to MP3 Converter
Free Video to JPG Converter
Free Audio Converter
Free Audio to Flash Converter
Free DVD Video Burner
Free Disc Burner
Free Audio CD Burner
Free DVD Decrypter
Free Audio CD to MP3 Converter
Free Screen Video Recorder
Free Video Dub
Free Audio Dub
Free Video Flip and Rotate


Related Posts Plugin for WordPress, Blogger...