Monday, July 15, 2013

ပုလဲဝင်း ရဲ့ အမေရိက ခရီးစဉ်

ပုလဲဝင်း ရဲ့ အမေရိက ခရီးစဉ်


ပုလဲဝင်းက အမေရိကားမှာ ဖျော်ဖြေရေးအနေနဲ့ ဇူလိုင်တတိယ အပတ်မှာ နော်လီဇာ၊ ခွန်းဆင့်နေခြည် တို့ နဲ့အတူ တစ်လခွဲကြာ သွားရောက်ဖျော်ဖြေမှာဖြစ်ကြောင်း ပြောပါတယ်။ဒီခရီးစဉ်က မနှစ်ကတည်းက စီစဉ် ခဲ့ရာကနေပျက်သွားတဲ့အတွက် အခုဒီနှစ်မှာ ပြန်ပြီးဖျော်ဖြေရမှာ ဖြစ်ကြောင်းပြောတဲ့ပုလဲဝင်းကို ဖျော်ဖြေ ရေးအတွက်ဘာတွေပြင်ဆင်မှုလုပ်ထားလဲဆိုတာနဲ့ ပတ်သက်ပြီးမေးကြည့်တော့"ဒီခရီးက မနှစ်ကတည်းက အစီအစဉ်ရှိပြီးသားဆိုတော့ ထွေထွေ ထူးထူးသိပ်မပြင်ဆင်ရတော့ပါဘူး။ အမေရိကားက ပရိသတ်တွေကို ပုလဲသီချင်းတွေနဲ့ရော နာမည်ကြီးသီချင်းတွေနဲ့ပါဖျော်ဖြေသွားမှာပါ။အဖွဲ့လိုက်သီချင်းအနေနဲ့လည်းဖျော်ဖြေ သွားပါမယ်"လို့ ပြောပြီး ဒီအမေရိကား ဖျော်ဖြေရေးက ပထမဦးဆုံးအကြိမ်သွားရောက် ဖျော်ဖြေရမှာဖြစ်တဲ့ အတွက် နည်းနည်းတော့ စိုးရိမ်ကြောင်း ပုလဲဝင်း က ပြောပါတယ်။

သရုပ်ဆောင်အပြင် အဆိုဘက် ပါ လုပ်ဖြစ်လာတဲ့ ပုလဲဝင်းက ကိုယ့် ကိုယ်ကိုယ် သရုပ်ဆောင်တစ်ယောက် လိုပဲ ခံယူထားကြောင်းပြောပါတယ်။"ပုလဲကသရုပ်ဆောင်တစ် ယောက် ပါပဲ။ အဆိုတော်တစ်ယောက် မဟုတ်ပါဘူး။သရုပ်ဆောင်ကိုပဲ ပိုလုပ်တတ်တယ်လို့ထင်ပါတယ်။ အဆိုဘက်ကျတော့သိပ်ပြီးအားမရဘူး" လို့ ပြောတဲ့ပုလဲဝင်းက အခုနောက်ပိုင်းက မီဒီယာတွေ၊ အွန်လိုင်းတွေခေတ်မီလာတဲ့အတွက် သရုပ်ဆောင် သစ်တွေအနေနဲ့ ပရိသတ်တွေအရင်က ထက်ပိုအသိမြန်လာကြောင်းပြောပါတယ်။ "ပုလဲတို့ဆိုရင် နှစ် အများကြီး ကြိုးစားခဲ့ရတယ်။ ၁နှစ်၊ ၂နှစ်နဲ့ လူသိတာမဟုတ်ဘူး။ ၃၊၄၊၅နှစ်လောက်ကြိုးစားပြီးမှလူသိလာ တာ။ ဒီခေတ်ကျတော့ လနဲ့ပဲ ကြိုးစားရင် လူသိလာကြတယ်။မီဒီယာတွေ၊ အွန်လိုင်း တွေကြောင့်လည်း ပါမယ်လို့ထင်တယ်။ ပရိသတ်လက်ခံမှုကြောင့်လည်းပါမယ်" လို့ ပြောပါတယ်။


Related Posts Plugin for WordPress, Blogger...