Saturday, August 31, 2013
မောင်ခိုင်မြဲ
Sunday, August 25, 2013
Friday, August 23, 2013
စကပ်တိုလွန်းခြင်း၊ အောက်ခံဘောင်းဘီ ပေါ်ခြင်းကြောင့် ရွှေမှုန်ရတီရဲ့ ဇာတ်ကားတွေ ဆင်ဆာ အများဆုံးထိနေ
ဇူလိုင်လအတွင်းက ဆင်ဆာစီစစ်ရေးအဖွဲ့ရဲ့ စိစစ်မှုအရ ဆင်ဆာငြိ ဇာတ်ကား (၂၃) ကားရှိနေတယ်လို့ သိရပါတယ်။ အဲဒီကားထဲက ဇူလိုင်လရဲ့ အစည်းအဝေးအမှတ် (၂၅/၂၀၁၃)နဲ့ (၂၇/ ၂၀၁၃) ဆုံးဖြတ်ချက်အရ စကပ်တိုလွန်းခြင်း ၊ အောက်ခံ ဘောင်းဘီ ပေါ်ခြင်း၊ ဘောင်းဘီတင်းကျပ်လွန်းခြင်းတွေကြောင့် ဆင်ဆာငြိတဲ့ ဇာတ်ကား ငါးကား ပါဝင်နေပြီး အဲဒီအထဲမှာ ရွှေမှုန်ရတီ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားတာ သုံးကားရှိနေပါတယ်။ ရွှေမှုန်၇တီကတော့ သရုပ်ပျက်ဝတ်စားတာကို သဘောကျသူမဟုတ်ပဲ ရိုးရှင်းတဲ့ ၀တ်စားဆင်ယင်မှုကိုသာ နှစ်သက်သူဖြစ်ပြီး သူမအနေနဲ့လည်း အမြဲတမ်း ရိုးရှင်းစွာ ၀တ်ဆင်တက်သူ ဖြစ်ကြောင်း မီဒီယာ တစ်ခုမှ ပြောဆိုထား ပါတယ်။
ဂျင်းဘောင်းဘီရှည်ကို ရှပ်အင်္ကျီနဲ့ တွဲဝတ်ထားပြီး ဦးထုပ်ဆောင်းတဲ့ စတိုင်လ်က ဘယ်တော့မှ မပြောင်းလဲတဲ့ ရွှေမှုန်ရတီရဲ့ စတိုင်လ်လို့လည်း အသိပေးသွားပါတယ်။
ညအမှောင်တွင် အလင်းရောင် တောက်ပနေသည့် ယုန်ငယ်များ
တူရကီနိုင်ငံ၊ အီစတန်ဘူလ်မှ သိပ္ပံပညာရှင်များသည် သဘာဝအတိုင်း ရှင်သန်နေထိုင်သော ယုန်ငယ်များကို တလက်လက် တောက်ပအောင် DNAပြုပြင်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တေးသံရှင် ရတနာမိုင်၏ ပုံရိပ်များတေးစီးရီး သြဂုတ် ၂၉ ထွက်မည်
အလွမ်းသင့်ပန်းချီ တေးသီချင်းဖြင့် လူသိများလာသော ရတနာမိုင်၏ တတိယမြောက် တစ်ကိုယ်တော် တေးစီးရီးဖြစ်သော ပုံရိပ်များ တေးစီးရီးကို ရတနာမြိုင် တေးသံသွင်းမှ သြဂုတ်လ ၂၉... ရက်နေ့ တွင် ဖြန့်ချိသွားမည် ဖြစ်ကြောင်း MyLay Entertainment မှ စီစဉ်သူ ဦးဇော်မျိုးထက်က ပြောကြားသည်။
“အရင်တုန်းက မိုင်လေးထွက်ခဲ့တဲ့ စီးရီးတွေမှာ ပါတဲ့သီချင်းတွေက ယောက်ျားလေးဆန်တဲ့ သီချင်းတွေများတယ်။ ဒီစီးရီးမှာတော့ မိန်းကလေးဆန်တဲ့ Slow Rock ပုံစံသီချင်းလေးတွေ ပိုထည့်ထားတယ်” ဟု ပုံရိပ်များ တေးစီးရီးနှင့် ပတ်သက်၍ ၎င်းကထပ်လောင်း ပြောကြားသည်။
ယခုတေးစီးရီးတွင် သီချင်းပေါင်း ၁၂ ပုဒ်ပါဝင်ကာ Bonus Track အနေနှင့် အဝေးထွက်သွားသူ သီချင်းကို ပုံစံပြောင်း တီးထားပြီး မိခင်ဖြစ်သူမိုင်၏ မလွမ်းပို သီချင်းကိုလည်း မူရင်းပုံစံအတိုင်း ပြန်ဆိုထားကြောင်း၊ သီချင်းများကို တေးရေး ဦးမိုးမင်းဝင်း၊ နောင်နောင် (SF)၊ မင်းချစ်သူ၊ အောင်လ၊ ညီမင်းခိုင်၊ ထင်အောင်၊ ယုန်လေး၊ စိုးမိုးသန်း၊ will & smith, Ngar, KLC တို့ ရေးစပ်ပေးထားကြပြီး ကိုယ်ပိုင်သံစဉ် သီချင်းတွေချည်း ဖြစ်ကြောင်း တေးသံရှင် ရတနာမိုင်က ဆိုသည်။
တေးသံရှင် ရတနာမိုင်မှာ မရှိလို့မဖြစ်နှင့် ပဖဘဗမ တစ်ကိုယ်တော် တေးစီးရီးများ ထွက်ရှိထားသည်။
Thursday, August 22, 2013
ငရဲ ရှိသည်ကို အတည်ပြုကြပြီ ..
တင်ပေးလိုက်ပါတယ်..ဝေဖန်ရေးလုပ်ပေးကြပ့ါဦးလို့သာ…။
ငရဲ ရှိသည်ကို အတည်ပြုကြပြီ…
မတ်စွာဘုရားဟောကြားခဲ့တဲ့ငရဲကြီးရှစ်ထပ်ဆိုတာကို နော်ဝေးနိုင်ငံနှင့်
ဖင်လန်နိုင်ငံမှ ဘူမိဗေဒပညာရှင်များကအတည်ပြု၊ ကျနော်တို့ မြေကြီးရဲ့
မြေအောက်အလွှာတွင် ရွေ.လျှားမှုအကြောင်း လေ့လာကြတဲ့
ဆိုဗီယက်နိုင်ငံမှ ဘူမိဗေဒပညာရှင်များနှင့် ပြည်ပက ငှာရမ်းထားတဲ့
ဖင်လန်နိုင်ငံနဲ့ နော်ဝေးနိုင်ငံမှ ဘူမိဗေဒပညာရှင်များရယ်
ပူးပေါင်းပြီး…ဆိုဗီယက်နိုင်ငံ ဆိုက်ဗေးရီးယား နယ်စွန်တစ်နေရာတွင်
မြေအောက်ဆိုက်စမစ် တူးဖော်နည်းနှင့် တူးခဲ့ကြပါတယ်။
ပိုက်လုံးတွေချပြီး တူးကြရင်းက မြေအောက် အနက်ကိုးမိုင် အရောက်မှာ ဇာတ်လမ်းက
စတော့တာပဲ။ ပူးပေါင်းတွင်းတူး အဖွဲ့ ခေါင်းဆောင် ဆိုဗီယက်
ဘူမိဗေဒပညာရှင်ဒေါက်တာ
ဒီမီထရီအက်ဇာကော့လို့ ခေါ်ပါတယ်။ တွင်းအနက် ကိုးမိုင်ရောက်တဲ့ အခါ
တွင်းတူးတဲ့ပိုက်ဟာ ထိန်းမရအောင် တုန်ခါလာတာကို တွေ့ရှိရပါတယ်။ ဘာကြောင့်
တုန်ခါသလဲဟု စစ်ဆေးကြတဲ့အခါ
တွင်းတူးပိုက် ထိပ်ပိုင်းဟာ လေဟာနယ်လို တွင်းခေါင်းပြင်ကျယ်ကြီးတစ်ခုကို
ရောက်နေလို့  ထိမ်းမရအောင် လှုပ်ရမ်းနေခြင်း ဖြစ်တယ်လို့ တွေ့ ရှိပါတယ်
Monday, August 12, 2013
ပရိသတ်တွေသိချင်နေတဲ့ ဆိုတေးရဲ့ကျန်းမာရေးအခြေအနေ
ယာဉ်မတော်တဆမှုကြောင့် မန္တလေးပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံ ယူနေတဲ့ အဆိုတော်ဆိုတေးရဲ့ ကျန်းမာရေး အခြေ အနေမှာ တိုးတက်ေ ကာင်းမွန်နေတယ်လို့ သိရပါတယ်။
ဆိုတေးကျန်းမာရေးအခြေအနေနဲ့ပတ် သက်ပြီး သူ့ရဲ့ပရိသတ် တွေကလည်း စိုးရိမ်ပူပန်နေကြပါတယ်။ လတ်တလောမှာ အဆိုတော်ဆိုတေး ကွယ်လွန်သွားပြီဆိုတဲ့ သတင်း တွေထွက်ပေါ်နေတာ ကြောင့် ဆိုတေးကို အနီး ကပ် ပြု စုစောင့်ရှောက်နေတဲ့ အဒေါ် ဖြစ်သူ ဒေါ်ချိုကို ဆက်သွယ်မေးမြန်းရာ မှာတော့ "အပြင်မှာ ပြောနေကြတာတွေက မဟုတ်ပါဘူး။ဆိုတေးက သတိပဲမရသေးတာ ပါ။စကားတော့ မပြောနိုင်သေးပါဘူး။ပါးစပ်မှာ ပိုက်ကတပ်ထားတုန်းပဲ။ခါတိုင်း ထက်စာရင် လက်တွေလှုပ် တယ်၊ခေါင်းလှုပ် တယ်။ခေါင်းလှုပ်တယ်ဆိုပေမယ့် သတိရ တယ်လို့လည်း ပြောလို့မရသေး ဘူး။ဖြစ်ဖြစ်ချင်းထက်စာရင် တော်တော် အခြေအနေတိုးတက်လာပါတယ်" လို့ ပြော ပါတယ်။ အပြင်မှာပြောနေကြတဲ့ ကောလာ ဟလများကြောင့် ဆိုတေးကျန်းမာရေး အခြေအနေကို စိတ်ပူကာ အားလုံးက ဆိုတေး မိသားစုများအား ဖုန်းဆက်မေး နေကြပြီး မိုးလင်းကတည်းက ဒီ သတင်း တွေကို ပြန်လည်ဖြေရှင်းနေရတယ်လို့ ဆိုတေးရဲ့အဒေါ်ဖြစ် သူ ဒေါ်ချိုကပြော ပါတယ်။
Subscribe to:
Posts (Atom)



