Tuesday, June 18, 2013

လိုချင်တာ , သိချင်တာကို အလွယ်တကူရှာဖွေနည်း (ဒေါင်းယူနည်း)


မင်္ဂလာပါ.....ကျနော့ Blog လေးကို လာရောက်လည်ပတ် အားပေးကြတဲ့ အတွက် အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်....:)
မသိတာ , မရှိတာလေးတွေကို C-box မှာ ရေးပြီး မေးနိုင် တောင်းဆိုနိုင်ပါတယ် .... သိတာရှိရင် ပြန်ဖြေပေးနိုင်သလို (မသိတာ ဆိုရင်တော့ ဟီးးးးးး ဆောရီးပေါ့ဗျာ)  မရှိသေးတဲ့ (သို့) Link သေသွားတဲ့ Software တွေကို ဘေးက C-box မှာ(သို့) Comment မှာ ရေးပြီး တောင်းဆိုနိုင်ပါတယ် ...

(Software တွေတောင်းဆိုတဲ့ နေရာမှာ Software နာမည်အပြည့်အစုံ Version အတိအကျ ဘယ်နေရာမှာ အသုံးပြုဖို့ ဆိုတာလေးတွေ ပြည့်စုံအောင် ရေးသားပြီး တောင်းဆိုပေးစေချင်ပါတယ် ...:)

  ( ရှိရင်,အဆင်ပြေရင် ချက်ချင်း တင်ပေးပါတယ်... အဆင်မပြေရင်တော့ တစ်ရက်နှစ်ရက် အချိန်ပေးရပါတယ် )
 အဲဒီလို Software တစ်ခုကို မတောင်းဆိုသေးခင် ...  C-box အောက်က Search box လေးထဲမှာ အရင်ဆုံး မိမိ သိချင်တဲ့ အကြောင်းအရာ , Software နာမည်လေး တစ်လုံးစ နှစ်လုံးစ ရေးပြီး ရှာကြည့်ပါဦး .... Software တောင်းဆိုသူ တော်တော်များများဟာ သေချာ ရှာမကြည့်ကြပဲ ဆက်တိုက်ဆိုသလိုတောင်းဆိုနေကြလို့ပါ.... ပြန်မဖြေပြန်ရင်လည်း တစ်မျိုးထင်သွားမှာကြောင့် ပြန်ဖြေပေးနေရတာလဲ အလုပ်တစ်ခုလိုဖြစ်နေပါပြီ..။ တကယ်တမ်း လူသုံးများတဲ့ Software တော်တော်များများကို နောက်ဆုံး Update တွေကိုမှ ရွေးပြီး အမြဲတမ်းသုံးလို့လည်းရအောင် Keygen , Patch , Serial , Crack အပြည့်အစုံနဲ့ လိုအပ်သူများ အလွယ်တကူ ဒေါင်းလို့ရအောင် တင်ပေးထားပါတယ် ..။
တနေ့ တနေ့ C-box ကိုကြည့်လိုက်ရင် ရှိပြီးသားတွေပဲ တောင်းဆိုနေကြလို့ ဒီပို့စ် ကို တင်ပေးရခြင်းပါ...။
 Software တစ်ခု Free ရဖို့ဆိုတာ မလွယ်ပါဘူး အချိန်တွေ အများကြီးပေးရပါတယ် ... အလွယ်တကူရလာပြန်တော့လဲ အမြဲတမ်းသုံးဖို့ အတွက်, စက်မှာ Run နိုင်ဖို့အတွက်  Keygen , Patch , Serial Key , Crack  စ,တာတွေကို အဆင်ပြေအောင် မွှေနှောက် ရှာဖွေရပြန်ပါတယ် ... ဒီကြားထဲ Software ကို စမ်းသပ်ရင်း ဗိုင်းရပ် ပါသွားလို့ Window ပြန်တင်ရတဲ့အထိလည်းဖြစ်တတ်ပါသေးတယ်.... စမ်းကြည့်လို့ အဆင်ပြေပြီ ဆိုရင်.... တခါ အားလုံးဒေါင်းယူနိုင်ဖို့အတွက်  Upload ပြန်တင်ပေးရပါတယ်.... ဖိုင်လ်ဆိုက်ဒ်သေးရင်တော့ ခဏပေါ့လေ.... တချို့ Software တွေကျတော့ ဖိုင်လ်ဆိုက်ဒ်ကြီးတဲ့ အတွက် အချိန်ပေးပြီး တင်ရပါတယ်... ကျနော့ရဲ့ မျှဝေဖေါ် မျှဝေဘက် ညီလေး ကိုလတ်(ကျွဲဆင်း) ဆိုရင် ဟိုနေ့က  Roxio Creator 2012 Pro ကို C-box မှာအော်သွားလို့ 1GB  ကျော်ရှိတဲ့ Software ကို ဒေါင်းယူပြီး စမ်းသပ် ... ပြီးတော့ Upload ပြန်တင်ပေးတာ နှစ်ည နဲ့ တစ်ရက်တောင် အချိန်ပေးလိုက်ရပါတယ်....:)
ဒီလောက်ဆိုရင် အားလုံး နားလည်ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်.....
လိုချင်တဲ့ Software , သိချင်တဲ့ အကြောင်းအရာလေးတွေကို Search box မှာ  ရေးပြီး  အရင်ဆုံးရှာကြည့်ပေးကြပါလို့ ထပ်ပြီး မေတ္တာရပ်ခံပရစေ....:)
ဥပမာ အောက်ကပုံထဲကလို အနီရောင်နဲ့ နေရာမှာ IDM လို့ရေးပြီး အစိမ်းရောင် နဲ့ Search ကို နှိပ်လိုက်ပါ...

 IDM နဲ့ ပါတ်သက်တာတွေ နီးစပ်တာလေးတွေဟာ Blog ရဲ့ အပေါ်နားမှာ ခုလို ထွက်လာပါလိမ့်မယ် သိချင်တာ , ရှာနေတာကို (နီးစပ်ရာ)Click လိုက်ရုံပါပဲ....


ပြီးတော့ ဒေါင်းမရဘူး , ဒေါင်းလော့ Link ရှာမတွေ့ဘူးချည်းပြောနေကြတဲ့ သူငယ်ချင်းများအတွက်လည်း တခါတည်းတင်ပေးလိုက်ပါတယ်..။
ဒေါင်းယူဖို့ အနီနဲ့ ဝိုင်းပြထားတဲ့ နေရာလေးတွေကို Click ပါ (သို့) နှိပ်ပါ...။


နောက် Page တစ်ကိုရောက်သွားပါလိမ့်မယ် ... 5 စက္ကန့်လေး စောင့်ပေးပါ....

 ပြီးရင် SKIP AD ကို နှိပ်လိုက်ရင် ဒေါင်းယူရမဲ့နေရာကို ရောက်သွားပါပြီ....


ပြီးတော့ နောက်တစ်ခုက Mobile ဖုံး မြန်မာ Font & Game နဲ့ ပါတ်သက်ပြီး  သိချင်တာ , လိုချင်တာတွေကို Mobile ဖုံး နှင့် ပါတ်သက်သမျှ ဆိုတဲ့ နေရာလေးတွေကတဆင့် ဝင်ရောက် ဆွေးနွေး , မေးမြန်း လေ့လာရှာဖွေ  ခြင်းကပိုပြီး ထိရောက်တဲ့ အကူအညီတွေ ရရှိစေမှာ ဖြစ်ပါတယ်  Mobile ဖုံးက အမျိုးအစားတွေ သိပ်များတာကြောင့် အလုံးစုံ သိနိုင်ဖို့ ခဲယဉ်းပါတယ်...။
Mobile ဖုံးတွေနဲ့ ပါတ်သက်ပြီး ဆိုက်ဒ် ရဲ့ ညာဘက် အောက်နားမှာ အလွယ်တကူ သွားလို့ရအောင်  Link တွေ ချိတ်ပေးထားပါတယ် (ပုံလေးတွေပေါ်ကို Click လိုက်ပါ)  Mobile နဲ့ ပတ်သက်ကမျှကို လေ့လာ , မေးမြန်း , ဆွေးနွေးနိုင်တဲ့ နေရာလေးတွေပါ....။






(Date : 27 August 2012) ပြန်လည် ဖြည့်စွက်ခြင်း

အရင်က www.winkabarkyaw.co.cc ဒိုမိန်းတုန်းက ရှာရတာတွေဟာ ခု Blogspot ကို ပြန်ပြောင်းလိုက်တော့ အားလုံး ကသိကအောက်တွေဖြစ်ပြီး ရှာရတာ အရင်ကလို အဆင်မပြေတော့ပါဘူး ။ ဒါကြောင့် ဒီနေ့ သေချာအောင် ပြန်ပြင်ပေးလိုက်ပါတယ်...


ဒီ Blog ထဲမှာ လိုချင်တာ , သိချင်တာလေးတွေ အလွယ်တကူ ရှာဖွေဖို့  မသိသေးတဲ့ သူငယ်ချင်းများအတွက် လမ်းညွှန်ပေးလိုက်ပါတယ်

 (Cbox ထဲမှာလည်း နေ့စဉ်လိုလို ရှိပြီးသားတွေကိုပဲ ထပ်ခါ တလဲလဲ တောင်းဆိုနေတာကြောင့်ပါ)

ကဏ္ဍ အလိုက် ခွဲထားတဲ့ ခေါင်းစဉ် တွေကို ပုံလေးမှာ ပြထားသလို Tags ဆိုတာလေးကို နှိပ်ပြီး အမျိုးအစားအလိုက် Label ခွဲထားတာတွေကို ရှာဖွေနိုင်ပါတယ်....။

 နောက်တခုက Blog Archives  ကို နှိပ်ပြီး လစဉ် , နေ့စဉ် တင်ထားတဲ့ ပို့စ်တွေ , Drivers တွေ လိုအပ်ရင်  Link တွေကို (အရင်က ညာဘက် Sidebar မှာထားသမျှတွေကို) ရှာနိုင်ပါတယ်...။


  (Blog ရဲ့ ညာဘက် Sidebar မှာ ရှုတ်ပွနေတာကြောင့် ခုလို 'ခေါက်' ထားလိုက်တာပါ)

=========================
28 Sept 2012 


 Download လုပ်သူများသို့ 

တော်တော်များများ ပြောနေကြတဲ့ ပြဿနာလေးတစ်ခုရှိပါတယ်  ဒီ Blog ကနေ Software တွေဒေါင်းယူပြီး Extract လုပ်တဲ့အခါ ဖိုင်လ် ပါမလာဘူး Run မရဘူး Extract လုပ်မရဘူး ချည်းပဲ စွတ်အော်နေကြတဲ့ ပြဿနာပါ .. Patch အသုံးပြုနည်း  Crack အသုံးပြုနည်းတွေလည်း ရေးထားပေးပါတယ် .. တချို့ Crack,Patch  တွေကတော့ Copy ကူးပြီး သက်ဆိုင်ရာ C:/Program File / (Software နာမည်) ကိုသွားထည့်ပေးရပါတယ် .. များသောအားဖြင့် ဘယ်လို Install ရမယ်ဆိုတာမျိုးတွေကိုလည်း Software နဲ့အတူ Read , Read Me စ တဲ့ Notepad ဖိုင်လ်လေးတွေထဲမှာ တခါထဲ ရေးထားပေးတတ်ကြပါတယ်...။
 Full Version မရဘူး Full Version ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ Extract လုပ်တာလဲမရဘူး ဖိုင်လ် က ပါမလာဘူး ကူညီပါဦး ဆိုတာမျိုးတွေကို နေ့တိုင်းလိုလို ပြောနေကြတာတွေဟာ...
(ကိုယ်တိုင် အားစိုက်ထုတ်မှု့လေးသုံးပေးလိုက်ရင် အဆင်ပြေသွားမှာပါ)
ကျနော်လည်း တခြား အလုပ်တွေ ရှိနေသေးတာကြောင့် အားလုံးကို တခုချင်း လိုက်ပြီး ဖြေရှင်းမပေးနိုင်ပါဘူး..။
ဒီတော့ Crack,Patch အသုံးပြုနည်းတွေကို ဒီ "နည်းလမ်းများ" ဆိုတဲ့ Label မှာ ဖြေရှင်းနည်းတော်တော်များများရှိပါတယ်  သေချာလေး ရှာဖတ်လိုက်ပါ.. အပေါ်က Menu မှာလဲ "နည်းလမ်းများ" ဆိုတာရှိပါတယ် နှိပ်ပြီး ရှာကြည့်လိုက်ပါ.. မြန်မာစာတွေ ရေးမရ ဖတ်မရ တဲ့ ပြဿနာ ဖြေရှင်းနည်းတွေလည်း "Gtalk နှင့် မြန်မာစာ ပြဿနာ" ဆိုပြီး Menu မှာဘဲ ရှိပါတယ်..။
ကျနော့မှာ နေ့တိုင်းလိုလို ဒီပြဿနာတွေ လိုက်ရှင်းနေရတာနဲ့ တခြား အလုပ်တွေကို လုပ်ရတယ်ကို မရှိတော့ပါဘူး.... ဒီတော့ သေချာလေး ရှာဖတ်ပေးခြင်းဖြင့် ကူညီကြပါလို့ မေတ္တာရပ်ခံပါတယ် လုံးဝ ရှာမရတာမျိုး လုံးဝ မရှိသေးတာမျိုးဆိုရင်တော့ တမျိုးပေါ့ခင်မျာ ... မရှိသေးတာတွေကို Cbox , Comment , Email ကနေ ရေးပြီး မေးပေးပါ သိတာရှိရင် ကူညီဖြေရှင်းပေးပါ့မယ် တချို့ မသိတာတွေကိုတော့ နားလည်ပေးပါ .. အလုံးစုံတော့ မသိနိုင်ပါဘူးခင်မျာ... ပြီးတော့ ကွန်ပြူတာ တစ်လုံး နဲ့ တစ်လုံးမှာ ပြဿနာချင်း တူရင်တောင် ဖြေရှင်းပေးရတဲ့ နည်းလမ်းကျတော့ မတူနိုင်တာမျိုးတွေရှိတတ်ပါတယ်....။
Rar,Zip ဖိုင်တွေ ဒေါင်းယူပြီး Extract လုပ်မရဘူးဆိုတာ အထဲမှာပါတဲ့ Crack,Patch ဖိုင်လ်တွေကို မိမိတို့ အသုံးပြုနေတဲ့ Antivirus က Virus အဖြစ်သတ်မှတ်ပြီး အော်တိုဖျက်ပစ်လိုက်လို့ပါ... Software တွေကို Full Version အဖြစ်အမြဲတမ်းသုံးနိုင်ဖို့ (ပိုက်ဆံမပေးရပဲ Free သုံးနိုင်ဖို့) ဆိုတာ Crack,Patch,Keygen စ တာတွေကို အသုံးချရပါတယ် ဒီတော့  Crack,Patch,Keygen တွေ အသုံးမပြုခင် (Rar.Zip ဖိုင်လ်တွေ Extract မလုပ်ခင်) Antivirus ကို ခဏပိတ်ထားပါ Virus မဟုတ်ပါဘူး ...။ အဓိကအရေးကြီးဆုံးအချက်က ...
 ဒီ Blog ကတင်ပေးနေတဲ့ တချို့တချို့ Software တွေကို ဖြည်တော့မယ်ဆိုရင် Antivirus ကို ခဏပိတ်ပေးထားဖို့ လုံးဝ (လုံးဝ) မမေ့ပါနဲ့ ခင်မျာ...။

အားလုံးကိုကျေးဇူးတင်ပါတယ်....

အားလုံးအဆင်ပြေကြပါစေ.


Related Posts Plugin for WordPress, Blogger...