Monday, August 12, 2013

သတင်းလူသား (သို့ မဟုတ်) စိန်ခေါ်မှုတွေ နှင့် ဒါရိုက်တာဝိုင်း

Photo: သတင်းလူသား (သို့ မဟုတ်) စိန်ခေါ်မှုတွေ နှင့် ဒါရိုက်တာဝိုင်း
Monday, August 12, 2013

၁၉၉၂ခုနှစ်ကတည်းက အနုပညာလောကထဲကို 'အဉ္ဇလီ' ဇာတ် ကားဖြင့် စတင်ဝင်ရောက်ခဲ့သူ ဇာတ်ပို့နေရာ၊ ဒုတိယမင်းသားနေရာ များကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ခဲ့ပြီး ဒါရိုက်တာအဖြစ် လည်း အောင်မြင် မှုရရှိနေသူကသရုပ်ဆောင်ဒါရိုက်တာဝိုင်းပဲဖြစ်ပါတယ်။ကျရာဇာတ်ရုပ်ကိုသရုပ်ဆောင်နိုင်သလို ကိုယ်ဖန်တီးချင် တဲ့ အနုပညာကိုလည်း ကိုယ်တိုင် ဖန်တီးရိုက်ကူးနေပါတယ်။ ဒါရိုက်တာဝိုင်းရိုက်ကူးခဲ့တဲ့ ဗီဒီယိုဇာတ်ကား များဟာ လူငယ် ဆန်တဲ့ ရိုမန့်တစ်ဇာတ်ကားများဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ 'အာဒမ်ရယ်၊ဧဝရယ်၊ဒသရယ်' ရုပ်ရှင်ဇာတ်ကားကြီးက အကယ်ဒမီ ဆုပေါင်းများစွာကို ၂ဝ၁ဝပြည့်နှစ်အတွက် ရှိခဲ့ပါတယ်။ သူ့ဘဝအမှတ်တရ၊ အတွေ့အကြုံများကို သတင်းလူသားအဖြစ် တင်ဆက်လိုက်ပါတယ်။

► ဇာတ်ပို့ဘဝ

ဒါရိုက်တာမောင်သီရိုက်ကူး ခဲ့တဲ့ 'ရွှေအိမ်မှာနားစေခဲ့သော' ဇာတ် ကားမှာ အမှတ်တရတွေ ရှိခဲ့တယ်။ အရင်တုန်းက ထက်မြက်ဆိုတဲ့ နာ မည်နဲ့ သရုပ်ဆောင်ခဲ့တယ်။ ဝိုင်းဆို တဲ့ နာမည်က အိမ်နာမည်ပါ။ အဲဒီ ဇာတ်ကားရိုက်ကူးတဲ့ အချိန်မှာ ဝိုင်း ဆိုပြီး နာမည်ပြောင်းခဲ့တယ်။ ဇာတ် ကားထဲက ဇာတ်ကောင်ရဲ့ နာမည် ကလည်း ဝိုင်းပဲဖြစ်တယ်။ အဲဒီ ဇာတ်ကားကအအောင်မြင်ဆုံးကား တွေထဲက တစ်ကားပါ။ ဝိုင်းဆိုတဲ့ နာမည်ရဖို့ တော်တော်လေးကြိုးစားခဲ့ ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒုတိ ယမင်းသားဖြစ်နေလို့လေ။

ဒုတိယ မင်းသားဆိုတဲ့နေရာမှာ ပရိသတ် အားပေးမှုကတော်တော်လေးကို ခက် ခဲတယ်လေ။ ဒီနိုင်ငံမှာ ရေးသားတဲ့ ဇာတ်အိမ်တွေက မင်းသား၊ မင်းသမီး ကို ဦးစားပေးတာများတယ်။ ဥပမာ- Second နေရာကို ဇာတ်အိမ် ကောင်းရင် မင်းသားကြီးတွေ လုပ်တာများတယ်။ ဇာတ်ပို့တွေကို သရုပ်ဆောင်မခိုင်းဘူး။ ကိုယ်တွေကို သိပ်မခိုင်းဘူး။ ဒါကြောင့် ကိုယ်ရ တဲ့ နေရာလေးမှာ အနုပညာဗီဇကို ပေါ် လွင်အောင် ဘယ်လိုလုပ်မလဲဆိုပြီး အနုပညာဝမ်းစာကို ဖြည့်ခဲ့ရတယ်။

► Music (MTV) ဒါရိုက်တာဘဝ

ဇာတ်ပို့ဘဝ၊ဒုတိယမင်းသား ဘဝက ရေရှည်မှာ ဘဝအာမခံချက် လည်း သိပ်မရှိဘူး၊ မျက်နှာလည်း ငယ်ရတယ်၊ ကိုယ့်ရည်မှန်းချက်က အစကတည်းက ဒီလိုမျိုးမဟုတ်ဘူး။ ဒါကြောင့် အသက်၂၅နှစ်ပြည့်တဲ့ အချိန်မှာ ကြိုတင်ပြင်ဆင်ခဲ့တယ်။

ဇာတ်ညွှန်းရေးတာသင်တယ်။ ဒါရိုက် တာလုပ်မယ်ဆိုလည်း သူများနဲ့မတူ ညီတဲ့ ပုံစံမျိုးပဲ လုပ်ချင်ခဲ့တယ်။ ဒါ ကြောင့်အသက်၃ဝပြည့်တဲ့အခါ ဒါရိုက်တာ စလုပ်ခဲ့တယ်။ လုပ်တော့ လည်းအမှတ်တရတွေရှိခဲ့တယ်။ သင် ခဲ့ရတော့ရုပ်ရှင်ဗီဒီယိုဇာတ် ညွှန်း ပညာကို၊စပြီးလုပ်ရတော့Music (MTV) မှာ လုပ်ရတယ်။ ကိုယ်လည်း မသိ နားမလည်တဲ့ဘဝကို သွားလုပ် ခဲ့ရတယ်။ အခက်အခဲတွေ အများကြီးရှိခဲ့ပေမယ့် အောင်မြင်စွာ ကျော် ဖြတ်နိုင်ခဲ့တယ်။ နာမည်တစ်လုံးရ တဲ့အချိန်မှာ အဲဒီMusic (MTV) ဒါရိုက်တာအလုပ်ကို
ထားခဲ့တယ်။ ဒါရိုက်တာလုပ်မယ်လို့ ရည်ရွယ် ကတည်းက ကိုယ်လုပ်တဲ့ အလုပ်ကို အောင်မြင်စွာပဲ လုပ်ချင်ခဲ့တာလေ။ အဲဒီအချိန်တုန်းကလည်း သီချင်းတစ် ပုဒ်ကို ဒါရိုက်တာလုပ်ရင် ဘယ် လောက်မှ ရတာမဟုတ်ဘူး။ ဒါပေမဲ့ ကောင်းစေချင်တဲ့အတွက် တစ်လကို တစ်ပုဒ်လောက်ပဲ ရိုက်ကူးဖြစ် တယ်။ သီချင်းရိုက်ကူးတဲ့ ဒါရိုက်တာ ဘဝ မှာ အောင်မြင်နေချိန် ရုပ်ရှင်၊ဗီ ဒီယိုဒါရိုက်တာအဖြစ် ကမ်းလှမ်းမှု တွေ ရှိခဲ့တယ်။

► ရုပ်ရှင်၊ဗီဒီယို ဒါရိုက်တာဘဝ

ပထမဦးဆုံးအနေနဲ့ စိုင်းစိုင်း ကမ်းလှမ်းမှုကို လက်ခံခဲ့တယ်။ အဲဒီ ရှေ့မှာကမ်းလှမ်းတဲ့ကုမ္ပဏီတွေ အ များကြီးရှိခဲ့တယ်။ဒါပေမဲ့မရိုက်ခဲ့ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်ကို ရွေးလုပ်ပြီး ကောင်းမယ်ထင်တဲ့ဟာ ကိုသေချာလေးလုပ်ချင်တာလည်း ပါတယ်။

အလုပ်တိုင်းသာ လိုက်လုပ် နေရင် ဒီအချိန်မှာ ဒီလိုအခြေအနေ ဖြစ်လာ စရာကြောင်းမရှိဘူး။ သရုပ် ဆောင်ဘဝထက် ဒါရိုက်တာဝိုင်း အဖြစ် ပရိသတ်သိတာကလည်း ခံ ယူချက်ရယ်၊ အလုပ်ပေါ်ထားတဲ့ စိတ်နဲ့ ကိုယ့်ရဲ့ပရိသတ်ကိုပေးချင် တဲ့အကြောင်းအရာက တိုက်ရိုက် အချိုးကျပါတယ်။ အဲဒီဟာနဲ့ တန်ဖိုး ညီတဲ့ဘဝတစ်ခုကို ပြန်ရတာပါ။ သရုပ်ဆောင်ဘဝတုန်းက တော် တော်ဆိုးဆိုးရွားရွားပဲ။ စာရိတ္တပိုင်း ဆိုင်ရာလည်း လုံးဝသုညပါပဲ။ ဟီး ရိုးဖြစ်အောင် လုပ်ဖို့ တော်တော် ခက်ပါတယ်။ ပထမဦးဆုံး ရုပ်ရှင် ဇာတ်ကားဒါရိုက်တာအဖြစ် 'ကျောက်စက်ရေ' ဇာတ်ကားကို မြင့် မြတ်၊မေသန်းနု၊စိုးမြတ်သူဇာ၊ ထွန်း အိန္ဒြာဗိုတို့နဲ့ ရိုက်ကူးခဲ့တယ်။ အဲဒီ ဇာတ်ကားရိုက်တုန်းက ရုပ်ရှင်နဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေ တော်တော်လေးရခဲ့တယ်။ ဒီဇာတ် ကားကပေးတဲ့ သင်ခန်းစာတွေနဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ကို အောင် မြင်အောင် ဘယ်လို ရိုက်ကူးရမလဲ ဆိုတာသိခဲ့ရတယ်။ ဒီကားမှာ Editing နဲ့ပတ်သက်ပြီး အကယ်ဒမီ ဆုဆွတ်ခူးပေးခဲ့နိုင်ခဲ့တဲ့အ တွက် ဝမ်း သာတယ်။ ဒုတိယဇာတ်ကားဖြစ်တဲ့ အာဒမ်ရယ်၊ဧဝရယ်၊ ဒသရယ်မှာ အကယ်ဒမီအများကြီး ရခဲ့ပေမယ့် ဒါရိုက်တာဆုလွဲခဲ့တယ်။ အကယ်ဒမီ နဲ့ပတ်သက်ပြီး ပြောနေကျစကားတစ် ခွန်းရှိတယ်။အဲဒါက ဘာလဲဆိုရင် 'အဲဒီ အခန်းဖြတ်' ဇာတ်ကားကို ရိုက်ပြီး မြန်မာနိုင်ငံ ရဲ့မှားယွင်းနေတဲ့ ရုပ်ရှင် ဆင်ဆာစနစ်ကို ကမ္ဘာကို အကောင်း ဆုံးပြနိုင် ခဲ့တယ်။ အဲဒီ့အတွက် အကယ်ဒမီအကြောင်းဆိုရင် မမေး ပါနဲ့လို့ ပြောတယ်။ လက်ရှိစံနှုန်းတွေ၊ အဲဒီအချိန်တုန်းက လူတွေက ခုချိန် ထိ ရှိနေတုန်းပဲ။ အာဒမ်၊ဧဝ၊ဒသ ရုပ်ရှင်ဇာတ်ကားမှာ မင်းသားဆု၊ မင်းသမီးဆုက ဒါရိုက်တာညွှန်ပြမှု မကောင်းဘဲအကယ်ဒမီမရနိုင်ပါ ဘူး။ အဲဒီလိုပဲ ထုတ်လုပ်သူ(ဇာတ် ကားဆု)ဆိုတာကလည်း ဒါရိုက်တာ ရဲ့ ဇာတ်ကား တစ်ကားလုံးတင်ပြပုံ ကောင်းလို့သာရတာပါ။ ဒါပေမဲ့ အဲ ဒီနှစ်မှာ ဒါရိုက် တာကျန်ခဲ့ပါတယ်။ ဒီလိုပဲ နောက်ရိုက်ကူးတဲ့ ရုပ်ရှင် ဇာတ်ကားတွေကို လည်း မျှော်လင့်ချက်သိပ်မထားတော့ပါဘူး။ တစ်နဲ့ တစ်ပေါင်းရင်း နှစ်ရတာ နည်းနည်း ခက်ချင်ခက်နေလိမ့်မယ်။ ဒါပေမဲ့ အကယ်ဒမီပုစ္ဆာကတွက်ရတာ လွယ် ပါတယ်။ အဲဒီအခန်းဖြတ်ဖန်တီးတဲ့ ဒါရိုက်တာကို အကယ်ဒမီမပေးပါ နဲ့ဆို လုံလောက်ပါတယ်။

► ငွေကြေးနဲ့ဂုဏ်သိက္ခာ

ဒီနှစ်ခုက ကွာခြားချက်ရှိပါ တယ်။ ငွေကြေးဆိုတာ ဂုဏ်သိက္ခာ နဲ့ မဆိုင်ပါဘူး။ တကယ်တမ်းဂုဏ် သိက္ခာရှိတဲ့သူက ငွေကြေးမရှိလည်း ရပ်တည်လို့ရပါတယ်။ ဘယ်လိုပြောမ လဲ မြန်မာနိုင်ငံရဲ့ စနစ်ဆိုးအောက် က သင်ကြားပေးလိုက်တဲ့အတွေ့ အကြုံရှိတဲ့သူကို ပိုပြီး ဦးစားပေးကြ တာများတယ်။ ကျွန်တော့်အမြင်က ငွေကြေးရှိတာထက် ဂုဏ်သိက္ခာရှိ တာကို ပိုလိုလားတယ်။ ငွေရှိဖို့ အတွက်ဆိုရင် ဇာတ်ကားတိုင်း ကို ကောင်းကောင်း၊မကောင်းကောင်း ရိုက်ကူးနေမှာပဲလေ။ ဂုဏ်သိက္ခာရှိဖို့ ဆိုရင် ကောင်းတဲ့ဇာတ်ကားတွေပဲ ရိုက်ကူးမှာလေ။

အဲဒီ့အခါကျတော့ ငွေရှာဖို့အတွက် လိပ်ပြာမသန့်တော့ ဘူးလေ။ မကောင်းတဲ့ အလုပ်ကို ဇွတ်မလုပ်ချင်ဘူး။ ငွေကြေးဆိုတာက တော့ ဘုရားပေးသလောက်ပဲရမှာပဲ လေ။ ဂုဏ်သိက္ခာဆိုတာကတော့
ကိုယ့်ရဲ့ရိုးသားမှုကြောင့်ရတဲ့ အ တွက်ပိုတန်ဖိုးထားမက်မောမိတယ်။ လူတစ်ယောက်နဲ့တစ်ယောက်မှာ ဘဝပေးအခြေအနေတွေမတူ ညီတာ တွေရှိမယ်။ခံယူချက်တွေ၊ ယုံကြည် ချက်တွေ မတူညီတာတွေရှိမယ်။ ဘယ်တော့မှလည်းတူညီနိုင်မှာ မဟုတ်ဘူး။

► အကယ်ဒမီဆုအရယူမယ့်သူ

အကယ်ဒမီဆုကို အရည်အချင်း ရှိစွာ ရယူမယ်လို့ ကြွေးကြော်ခဲ့ဖူး တယ်။ ဒါကလည်း ရှင်းပါတယ်။ ပရိသတ်ကို ရယူမယ်လို့ပြောလိုက် ကတည်းက ကြိုးစားတော့မှာပါ။ အဲ ဒီလို ကြိုးစားတဲ့အတွက် ပရိသတ်က လည်း အသိအမှတ်ပြုခဲ့တယ်။ အကယ်ဒမီမပေးတာကို မပြောဘူး နော်။ အခုလက်ရှိမှာ လက်ပံဇာတ် ကားတင်ထားတယ်။ အဲဒီဇာတ်ကား နဲ့ပတ်သက်ပြီး ပရိသတ်အသံတွေ၊ comment တွေ ကြားနေရ တယ်။ လောလောဆယ် ပရိသတ်ကအသိ အမှတ်ပြုနေရင်ကျွန်တော့်စကား
အတိုင်းလုပ်ပြနေတာပါပဲ။

► အောင်မြင်မှုလျှို့ဝှက်ချက်

အနုပညာအလုပ်စလုပ်က တည်းက အခက်အခဲတွေ၊ စိန်ခေါ်မှု တွေေ တ်ာတော်များခဲ့တယ်။ဒါတွေ ကိုကျော်ဖြတ်ဖို့ကစိတ်ဓာတ်ခိုင်မာမှု နဲ့ယုံကြည် မှုပါပဲ။ငါဟာရိုးသား တယ်။ငါ့လုပ်ရပ်ကမှန်တယ်ဆိုရင် ဘယ်သူ့မှ ကြောက် စရာမလိုပါဘူး။ အဲဒီ့ယုံကြည်ချက်နဲ့စိတ်ဓာတ်က အ ရေးကြီးပါတယ်။ ကိုယ့်လိပ်ပြာ ကိုယ် သန့်ပြီး ရိုးသားဖို့လိုပါတယ်။ဒါတွေ ရှိနေရင်ဘယ်လို အခက်အခဲတွေ၊စိန် ခေါ်မှုတွေကိုမဆိုကြောက်ရွံ့နေမှာ မဟုတ်ပါဘူး ။ရိုးသားတဲ့လူက တိုက်ရဲ ခိုက်ရဲတယ်။စိန်ခေါ်ရဲတယ်။အနု ပညာအရည် အသွေးကိုလည်း ပရိ သတ်ကဆုံးဖြတ်မှာပါ။လိုအပ်ချက်ရှိ ရင်လည်း သူတို့ကပဲ ဝေဖန်မှာပါ။

Popular Journal

Related Posts Plugin for WordPress, Blogger...