Friday, August 9, 2013

စိုးပြည့်သဇင်ပြောတဲ့ အောင်မြင်မှု


ကိုယ့်ကိုယ်ကိုယ် အောင်မြင်နေ တဲ့သူတစ်ယောက်လို့ လက်ခံထား လား၊ ကျော်ကြား နေတဲ့ သူတစ် ယောက်လို့ လက်ခံထား လားဆို တော့ စိုးပြည့်အနေနဲ့ ကိုယ့်ကိုယ် ကိုယ် ဘယ်အခြေအနေ ရောက်နေ ပြီလဲလို့ မပြောချင်ပါဘူး။ ပြော လည်းမပြော တတ်ပါဘူး။ အောင် မြင်မှုကျော်ကြားမှု ဆိုတာ ကိုယ်ဆုံး ဖြတ်လို့ရတဲ့ အရာမဟုတ် ပါဘူး။ ပရိသတ်နဲ့ပဲ ဆိုင်တာပါ။ အနုပညာ ရှင်တွေက ကိုယ်အောင်မြင် တယ်လို့ သတ်မှတ်လို့ မရဘူး။ အောင်မြင်မှု ဆိုတာ အတိုင်းအတာ တစ်ခုရှိပါ တယ်။ ဘယ်တော့မှ မအောင်မြင် နိုင်ဘူး။

အဲဒီအပေါ်မှာ အနုပညာ သမားတွေ အနေနဲ့ ခံနိုင်ရည်ရှိဖို့လို အပ်ပါတယ်။ လက်ရှိရထားတဲ့ ဘဝ ကိုကျေနပ်လား။ ဒီထက်ပိုတဲ့ ဘဝမျိုး ကိုလိုချင်လား ဆိုတော့ လူတိုင်းလူ တိုင်းကတော့ အမြင့်ဆုံး ရောက်ချင် ကြတာပဲ။ ရည်မှန်းချက် ကြီးကြီး ထားကြတာပဲ။ ဒါပေမဲ့လည်း ကံ တရားတွေကပါ သေးတယ်။ ကိုယ့် ဘက်ကကြိုးစား နေရမှာပဲ။ ငါက တော့ ဘယ်လောက်ကြီးရမှ လို့တွေး ရင်တော့ စိတ်အရမ်းစ ကျဉ်းကျပ်ပါတယ်။ အောင်မြင်တယ်၊ ကျော်ကြားတယ် ဆိုတာကလည်း ကိုယ့်ခံ ယူချက်အပေါ်မှာပဲမူတည်ပါတယ် လို့ထင်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်က ဘယ်လောက်အ တိုင်းအတာကျမှ အောင်မြင်တယ် လို့ခေါ်လဲဆိုတာကတော့ စိုးပြည့် လည်းမပြောတတ်ဘူး။ အောင်မြင် မှုနဲ့ ကျော်ကြားမှုက လူတိုင်းမက် မောတယ်။ ဒါပေမဲ့ လောကကြီး မှာ ကိုယ့်စိတ်တိုင်းကျဖြစ်တာ မဟုတ် ဘူး။ 


Related Posts Plugin for WordPress, Blogger...