Friday, September 13, 2013

"ပရိသတ် အားပေးမှုက အဓိကပါ ဆိုသူ သဉ္ဇာနွယ်ဝင်း"

သဉ္ဇာနွယ်ဝင်းက "အချစ်စိမ်းစိမ်း" ဇာတ်ကားက စတင်ပြီး ပရိသတ် တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ အနုပညာ လောကမှာ နှစ်အနည်း ငယ်နဲ့ အောင်မြင်မှု တစ်ခု ရလာတာ ပရိသတ်တွေ ရဲ့ အားပေးမှုကြောင့်ပါ လို့လည်း ပြောပြလာပါတယ်။


"မာယာများတဲ့ အလင်္ကာ" ဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ရဲ့ ဝေဖန် မှုအပေါ် မှာလည်း ရိုးသား ပွင့်လင်း စွာတုံ့ပြန်ခဲ့သူ ဖြစ်ပါတယ်။ သဉ္ဇာ နွယ်ဝင်း ကို ခိုးကူးခွေတွေ ဂယက်ထ နေတဲ့ ကာလမှာ အနုပညာလောက ထဲ ခြေချလာ ပြီး အောင်မြင်အောင် ကြိုးစားနေတဲ့သူ တစ်ဦးမို့ ခိုးကူးခွေ တွေ ဖျက်ဆီးတာကို မြင်တွေ့တဲ့ ခံစားချက် ကို မေးကြည့်တော့
"အခွေ တစ်ခွေ ဝယ်ပြီးရင် ကော်ပီ ပွားတာ မျိုးတော့ မကောင်းဘူးပေါ့။ ဒါပေမဲ့ ဒါနဲ့ ပရိ သတ်က အားပေးတယ်။ အခု ပွဲ လေးက ကလေးတွေ ၊မြန်မာ ပရိသတ် တွေ မကြည့်သင့်တဲ့ကား တွေ ဖျက် ဆီးတယ်။ ခိုးကူးတွေ ဖျက်ဆီး တာဆို တော့ ကောင်းတဲ့ အစီအစဉ်ပါ" လို့ ပြောပြပါတယ်။ သဉ္ဇာက ဇာတ်ကား ပေါင်း ၃ဝ ကျော် ရိုက်ကူးပြီးပြီ။
အားပေးတဲ့ ပရိသတ်တွေ ကိုရော ပြောချင်တဲ့ စကားကို မေးကြည့် တော့ "သဉ္ဇာကို ချစ်စရာ ကောင်းတဲ့ အမူအရာ နဲ့ ပရိသတ်တွေ ကြည့်ပြီး အားပေးခဲ့တာ။ ဒါပေမဲ့ တစ်ခါက ရိုက်တဲ့ ကားကြောင့် ပရိသတ် တွေကို လည်း စိတ်မကောင်း ဖြစ်မိတယ်။ နောက် သဉ္ဇာဒီလို မရိုက်တော့ပါဘူး လို့လည်း ပြောခဲ့ပြီးပါပြီ။ တကယ် လည်း မဟုတ်ပါဘူး။ ဒါက ဇာတ် ကားပါ။ သဉ္ဇာ့ကို ကြည့်ပြီး အားပေး တဲ့ ပရိသတ်တွေ ကို ကျေးဇူးတင်တယ်။ ပီတိလည်း ဖြစ်တယ်" လို့ပြောပြခဲ့ပါတယ်။

သဉ္ဇာ ဝါရင့် အနုပညာ ရှင်တွေနဲ့ ရိုက်ရင် အနုပညာနဲ့ ပတ်သက် ပြီး သူတို့ဆီက သင်ယူဖူး လားမေးကြည့် တော့
"ဝါရင့်စီနီယာ တွေတိုင်းက ဒိုင် ယာလော့ခ် က အစ သင်ပေးတယ်။ သူတို့ဆီက အနု ပညာ တွေနဲ့ပတ် သက်လာရင် အမြဲ သင်ယူ လေ့ လာဖြစ်တယ်" လို့ပြောပြပါတယ်။

ညီမ အတွက် ဇာတ်ကားတွေ ရိုက်ရင် ကာရိုက်တာနဲ့ လုပ်ပိုင်ခွင့် ဘယ်ဟာ ကို ဦးစားပေးပြီး ရွေးချယ် ဖြစ်လဲ မေး ကြည့်တော့
"ညီမက ကာရိုက်တာ ရော၊ လုပ်ပိုင်ခွင့်ရော နှစ်ခုစလုံး ကြည့် တယ်။ ကိုယ့် အခန်းလည်း များ၊ ကာရိုက်တာ လည်း ကောင်းတယ် ဆိုရင် အားပေးတဲ့ ပရိသတ် အတွက် လည်း ကောင်းတာပေါ့။ သဉ္ဇာနွယ်ဝင်းရယ် လို့ဖြစ်လာတာ ပရိသတ် တွေရဲ့အားပေး မှုကြောင့် ပါ။ ကိုယ် ဘယ်လောက်ပဲ ကြိုးစား၊ ကြိုးစား ပရိ သတ် အားမပေးရင် မဖြစ်နိုင်ဘူး။ ပရိသတ် အားပေးမှုက အဓိကပါ" လို့ ပြောပါတယ်။

ဆက်လက်ပြီး "အခု ရိုက်နေတာ က ညီမရဲ့ ပထမဆုံး ရုပ်ရှင် ဇာတ်ကား ကြီး ဖြစ်တယ်။ မင်းသား ကတော့ အလင်းရောင်ပါ။ အားဝေလည်း ပါမယ်။ ဒါရိုက်တာ ကိုဝင်းလွင် ထက်ရိုက်ကူး ပေးတာပါ။ သဉ္ဇာ ရဲ့ ပထမဆုံး ဇာတ် ကားကြီးရဲ့ နာမည်ကတော့ "ရည်းစားဦး ပါ" လို့ ပြောပြခဲ့ပါတယ်။


Related Posts Plugin for WordPress, Blogger...