Friday, September 13, 2013

၂၀၁၄ ပထမအပတ်တွင် Sim Card များကို (၁၅၀၀) ထက်ဈေးနှုန်းလျှော့နည်းကာ ခေါ်ဆိုခ ၁ မိနစ် ၂၅ ကျပ် နှုန်းဖြင့် ရောင်းချမည်


တောင်သူလယ်သမားအတွက် စိုက်ပျိုးရေးနည်းပညာများကို မကြာသေးမီက ဆယ်သွယ်ရေး operater အဖြစ်လုပ်ကိုင်ခွင့်ရရှိ ထားသော elenor Myanmar မှ Mobile phone များက တစ် ဆင့်ဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း သိရသည်။


အဆိုပါစနစ်ကို
၂၀၁၄ ပထမလေးပတ်အတွင်းစတင်တည် ဆောက်မည်ဖြစ်ပြီး ယင်းကဲ့သို့ပြု လုပ်ရခြင်း သည် တောင်သူလယ် သမားများထုတ်လုပ်မှုတိုးတက် စေဖို့နှင့် ကုန်ကျစရိတ်များ ကို လျော့ချနိုင် ဖို့အတွက်ဖြစ်ကြောင်း Telenor Myanmar မှ တာဝန်ရှိ သူတစ်ဦးကပြောသည်။

““မိုဘိုင်းဆက်သွယ်ရေးဟာ
အများပြည်သူအတွက် ကောင်း မွန်တဲ့ဆက်သွယ်ရေးစနစ်ဖြစ်မယ် လို့ Telenor ကယုံကြည်ပါတယ်။ ဒါကြောင့်တိုင်းမှာလယ်သမားတွေ ကို ၀န်ဆောင်မှုပေးတဲ့ဟာ ကို မြန်မာနိုင်ငံမှာ ပေးမှာပါ”” ဟု ၎င်းကဆက်လက်ပြောသည်။

““ဒီဝန်ဆောင်မှုက လယ် သမားတွေကို အခမဲ့ဖြန့်ဝေပေး မှာပါ။ ဘာလို့လည်းဆိုတော့ ဒီ မိုဘိုင်းဖုန်းကနေတစ်ဆင့် မိုးလေ ၀သကို သိရမယ်။ ဒီရာသီမှာ ဘာသီးနှံတွေစိုက်ရင် အကောင်း ဆုံးဖြစ်မယ်။ နောက်ပြီး နေ့စဉ် ဈေးကွက်ရဲ့အခြေအနေတွေပါ သိရမှာပါ”” ဟုTelenor Myanmar မှ တာဝန်ရှိသူတစ်ဦး က ဆိုသည်။

အင်တာနက်လျှောက်ထား
ပြီးသော simcard များကို ၁၅၀၀ ထက်သက်သောသောနှုန်းထားနှင့် ရောင်းချမည့်အပြင် တစ်မိနစ် ၂၅ ကျပ်နှုန်းမှ လျော့နိုင်အောင် စီစဉ်လျက်ရှိပြီး လာမည့် ၂၀၁၄ ၄ လပိုင်းတွင် sim card များကို ရောင်းချနိုင်မည်ဖြစ်ကြောင်း သိ ရသည်။Telenor Myanmar သည် နော်ဝေး အခြေစိုက်ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း သိရသည်။
 Hot News


Related Posts Plugin for WordPress, Blogger...