Sunday, July 14, 2013

ကားမှောက်ခဲ့သော အဆိုတော် ဆိုတေး ယနေ့ညနေ ၄နာရီခွဲအထိ သတိမရသေး

Posted by drmyochit Sunday, July 14, 2013, 
မန္တလေး-ဇူလိုင် ၁၄

မန္တလေး ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ကုသနေသော တေးသံရှင်ဆိုတေးမှာ ယနေ့ညနေ ၄နာရီခွဲအထိ သတိရခြင်း မရှိသေးကြောင်း ၄င်းဆေးရုံမှ သိရသည်။

ယနေ့မနက် ၁၁နာရီခွဲခန့်က တေးသံရှင် အဆိုတော် ဆိုတေး တောင်သာမြို့သို့ ပွဲဆိုဖို့သွားစဉ် ကားဘီး ပေါက်ကာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသမီးမှာ သေဆုံးသွားကြောင်း သတင်းရရှိသည်။

မိုင်တိုင် ၂၉၁/၃တွင် ဖြစ်ပွားခဲ့ပြီး ညာဘက်ရှေ့ဘီးပေါက်ကာ ကားမှာ လမ်းဘေးဝယ်ယာသို့ နှစ်ပတ်သုံး ပတ်လည်ရ်ျ ကျသွားခဲ့ပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်း သန်းဝင်းလှိုင် အပါအ၀င် ဆိုတေး(ခ)အောင်သက် ပိုင် (၂၃)နှစ်၊ မချောချော(ခ)၀င်းဂရိသူ(၂၂)နှစ်၊ မစံပယ်မွန်(၁၈)နှစ်တို့ပါရှိပြီး မချောချော(ခ) မ၀င်းဂရိ သူမှာ မိတ္တီလာဆေးရုံသို့ ပို့ဆောင် ကုသစဉ် သေဆုံးသွားကြောင်း သိရပြီး မစံပယ်မွန်မှာ ပွန်းပဲ့ ဒဏ်ရာ သာ ရရှိပြီး ပြင်ပလူနာအဖြစ် ဆေးကုသလျှက်ရှိပြီး ဆိုတေးနှင့် ယာဉ်မောင်း သန်းဝင်းလှိုင်မှာ စိုးရိမ်ရသည့် အခြေနေရှိကြောင်း သိရသည်။

ယာဉ်မောင်း သန်းဝင်လှိုင်မှာ သတိရလာပြီ ဖြစ်သော်လည်း တေးသံရှင်ဆိုတေးမှာ ယနေ့ညနေ ၄နာရီခွဲအထိ သတိရခြင်း မရှိသေးကြောင်း သိရသည် ။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်းသန်းဝင်းလှိုင်အား သီးကုန်းရဲစခန်းမှ ပုဒ်မ ၃၀၄-က/၃၈၈ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဖိုးလပြည့်

Popular Myanmar News Journal


အဆိုတော်ဆိုတေး အားဆေးရုံသို့ခေါ်ဆောင်လာတာပါ - ဓါတ်ပုံ - Myanmar Celebrities

ဓါတ်ပုံ(Wyne SU's facebook မှ photo.-ဆိုတေးနောက်က ညီမလေး ဆုံးသွားပြီတဲ့ ခုဘဲအသိတယောက်ဖုန်းဆက်တယ် အဲ့ ညီမလေးတွက်ဝမ်းနဲပြီး အရမ်း စိတ်မကောင်းဖြစ်တယ်)


Related Posts Plugin for WordPress, Blogger...