Wednesday, July 24, 2013

ရှင်အပါး ၃၁ ပါးကို သင်္ကန်း ပရိက္ခရာများ လှူဒါန်းခဲ့တဲ့ မိုးဟေကို



မိုးဟေကိုက “ရှမ်းပဲပုပ်” ဆိုတဲ့ ဇာတ် ကားကို နေမင်း နဲ့ ရိုက်ကူးနေပြီး ဒါရိုက်တာ ကတော့ နေပိုင် ဖြစ်ပါတယ်။ ဇာတ်ကားတွေ ပုံမှန် ရိုက်ကူးနေတဲ့ မိုးဟေကို က အလုပ် တစ်ခု လုပ်ရင် တိကျပြတ်သားပြီး အချိန်ကိုလေးစား ခြင်းက ဘယ်အလုပ်ကို မဆို ကိုယ့်အတွက် အ ထောက်အကူ အများကြီး ဖြစ်စေတယ်လို့ ဆိုပါတယ်။

“အနုပညာရယ်မှ မဟုတ်ပါဘူး။ ဒီလို စိတ်ရှိတဲ့ သူတွေက ဘယ်အလုပ်ကိုမဆို ကိုယ့် အတွက် အောင်မြင်ဖို့ အထောက်အကူ အများကြီး ဖြစ်ပါတယ်။ အဓိကက အများနဲ့ အလုပ်လုပ်တဲ့အခါ အဆင်ပြေအောင် လုပ်ရတယ်။ စကားတစ်ခွန်း၊ ကတိတစ်ခုကို တည်ရတယ်။ အချိန်ကို လေးစားရတယ်။ အများနဲ့ ဆိုတော့ စိတ်ရှည် သည်းခံရတယ်။ ဒါပေမဲ့ ဒါတွေ အားလုံး က သူ့အတိုင်းအတာလေး နဲ့သူပေါ့။ အနုပညာရှင်မှ မဟုတ်ဘူး။ လူတိုင်းက အရာရာ အားလုံး သတိထားရမယ့် အချက်တွေ အများကြီးပါပဲ” လို့ပြောပါတယ်။


အနုပညာကို လုပ်နေတဲ့ အချိန်မှာတော့ ကိုယ်လုပ်နိုင်သလောက် ဝါသနာ ကြီးစွာနဲ့ပဲ လုပ်သွားမယ် ဆိုတဲ့ မိုးဟေကိုက “မိုးက ပန်းတိုင် ရယ်လို့ မမှန်း ထားဘူး။ ပန်းတိုင် ရောက်ရင်၊ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက် သွားပြီ ဆိုပြီး မောပြီး စိတ်လျှော့ ရပ်သွားမှာပဲလေ။ အဲဒါကြောင့် ပန်းတိုင် ဆိုတာ မထား ဘဲနဲ့ ကိုယ်ဘယ် လောက် အထိ စိတ်ပါလက်ပါ လုပ်နိုင်မလဲ ဆိုတာ ကိုယ့်အတိုင်းအတာလေးနဲ့ ကိုယ်စိတ်အား ထက်သန်စွာ လုပ်သွားမယ်” လို့ ပြောပြပါတယ်။

မိုးဟေကိုက ဒီနှစ် အကယ်ဒမီပေးပွဲ အတွက် ဝတ်စုံစပွန်ဆာတွေကို ပြောထားတာ တွေရှိပေမယ့် စဉ်းစားနေတုန်းပဲလို့ပြော ပါတယ်။
“အကယ်ဒမီကို ဘယ်နေရာပဲ လုပ်လုပ် ကိုယ့် အနုပညာရှင်တွေ လုပ်တဲ့ပွဲ ဆိုတော့ သွားရမှာပဲလေ။ ဒီနှစ်လည်း တက်ဖြစ်မှာပါ။ အကယ်ဒမီက ကိုယ့်ထက် တော်တဲ့ အနုပညာရှင်တွေ ရကြမှာပါ။ အကယ်ဒမီ နဲ့ ပတ်သက်ပြီး ရင်ခုန်တဲ့ ခံစားချက်တော့ မရှိပါ ဘူး။ ပွဲတက်ရုံ သက် သက်ပါပဲ” လို့ ပြောပြခဲ့ပါတယ်။

အလှူအတန်း တွေ အနေနဲ့ သီတင်းကျွတ် လပြည့်နေ့မှာ တော့ မှော်ဘီမြို့၊ အောင်ဇမ္ဗူ တောရကျောင်းတိုက်မှာ ပြုလုပ်တဲ့ ရှင်အပါး ၁ဝဝဝ ရဟန်းခံ ရှင်ပြုပွဲ မှာ မိုးဟေကို က ရှင်အပါး ၃၁ ပါး အတွက် သင်္ကန်း၊ ပရိက္ခရာများ ကို ကုသိုလ် ပါဝင်မှာဖြစ်ပြီး အောက်တိုဘာ ၂၆ ရက်နေ့က လည်း သန်လျင် ဘုန်းကြီးကျောင်း မှာ အသံမစဲ မဟာပဋ္ဌာန်းပွဲ အတွက် မနက်အရုဏ် ဆွမ်းကပ် ပြီး တစ်ရက်တာ အလှူလည်း ပြု လုပ်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။
မိုးဟေကိုက အောက်တိုဘာ ၂၉ ရက်နေ့ကခန့်စည်သူနဲ့ အတူ မုံရွာဆရာမိုး အမောလုံ နှလုံးအားတိုးဆေးကြော်ငြာကိုရိုက်ကူးခဲ့ပြီး နိုဝင်ဘာ ၂ရက်နေ့ မှာတော့ ဟိန်းဝေယံ၊ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)တို့နဲ့အတူ ‘ပိုးပုဝါလေးထားခဲ့ပါ’ ဇာတ်ကားကို မင်္ဂလာဒုံဥယျာဉ် မြို့တော်ဂေါက်ကွင်းမှာ ခရီးမသွားမီ အပြီးသတ် ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ် ကားမှာတော့ မိုးဟေကို ကသူဌေးသမီး တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး အချစ် ဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်။

မေမွန်မောင်


Related Posts Plugin for WordPress, Blogger...