Saturday, July 13, 2013

***""" ဘယ်လောက်ချစ်လဲ ???"""***



***""" ဘယ်လောက်ချစ်လဲ ???"""***
JeepKan2Kgmalay2jpg.jpg JeepKan2Kgmalay2jpg.jpg
8K   View   Share   Download  

*** မဟော်သဓာ ဇာတ်တော်ထဲမှာတော့
အမရာဒေ၀ီက အသပြာတစ်ထောင်ထုတ်နဲ့
လာဖြားယောင်းတာတောင်မှ
သူချစ်တဲ့ အပ်ချုပ်သမားကို
ပစ်မသွားဘူးတဲ့.........
*** မဒ္ဒီဒေ၀ီက သူ့ချစ်လင်
ဝေသာန္တရာ မင်းကြီး
နန်းစွန့်ဖို့ တောအရပ်မှာနေရတဲ့
အခါ စားစရာတောင်
 ရှာကြွေးပါသတဲ့.........
*** သမ္ဗူလကလည်း ကျန်စစ်သား
ဒုက္ခရောက်နေချိန်မှာ
မညည်းမညူ
ပြုစုပေးတယ်တဲ့................

...
*** ကိန္နရာကတော့ သူ့ချစ်လင်
မြားမှန်တဲ့အခါ
သူ့ရဲ့သစ္စာနဲ့ ပြန်လည်လို့
အသက်ရှင်သန်စေပါသတဲ့......
ရာဇ၀င်ထဲက စံတင်လောက်တဲ့
မိန်းမမြတ်တွေရဲ့
စံပြအချစ်တွေပေါ့..........
*** ချစ်သူ
နင်ရော....................
ငယ့်ကို ဘယ်လိုအချစ်မျိုးနဲ့
ချစ်တာလဲ........???
ငယ်ကတော့............
*** အမရာ၊ ကိန္နရီ
မဒီ၊ သမ္ဗူလတို့လို
တော်လေးဝတဲ့ မိန်းမမြတ်စာရင်းမှာ
မပါဝင်ပေမယ့်
နင့်အပေါ်ထားတဲ့
ငယ့်ရဲ့ အချစ်က
သူတို့ထက်
 အဆပေါင်းများစွာ သာပြီး
နင့်ကို အသဲနင့်အောင်
ချစ်တယ်ဆိုတာ
နင်ယုံကြည်ပေးပါ
ချစ်သူ...................။ ။***
JeepKan2Kgmalay.jpg JeepKan2Kgmalay.jpg
8K   View   Share   Download  


Related Posts Plugin for WordPress, Blogger...