Sunday, July 7, 2013

ရက်စွဲအလိုက်မြန်မာမွတ်ဆလင်အရေးပေါ် သတင်း

RB News
23.3.2013
၂၀၁၃ ခုနှစ် မတ်လ ၂၀ ရက်နေ့ မှစ၍ မိတ္တီလာ မြို့တွင် ကြိုတင် ပြင်ဆင်၍ ဒေသခံ မွတ်စလင် များကို တိုက်ခိုက် ခဲ့ရာ လူမဆန်စွာ မီးရှို့ သတ်ဖြတ်မှု များပြု လုပ်ခဲ့သည်။ အရေးပေါ် အခြေအနေ ကြေညာ လိုက်သော်လည်း မိတ္တီလာ ခရိုင်တွင်းရှိ ရမည်းသင်းမြို့နယ်ရှိ ရွာတန်းရွာကို တိုက်ခိုက် ခဲ့သည်။ ထို့ကြောင့် ယနေ့မှ စ၍ အရေးပေါ် သတင်းများကို ဤနေ ရာတွင် ရေးသား ဖော်ပြ ပေးမည် ဖြစ်သည်။
ဤသတင်း စာမျက်နှာသည် သတင်း အသစ် တင်ပြီးလျှင် နောက်ဆုံးသတင်း/ဆောင်းပါးများ နေရာတွင် ရှိနေမည် ဖြစ်သည်။
၂၆-၃-၂၀၁၃
မတ်လ (၂၆) ည ၈း၁၅ မိနစ် အုတ်ဖိုမြို့
ပုဒ်မ ၁၄၄ ထုတ်ပြန် လိုက်သော် လည်း အုတ်ဖို မြို့တွင် တည်ငြိမ် အေးချမ်း မသွားဘဲ၊ မိမိတို့၏ နေအိမ် များမှ တိမ်းရှောင် နေသော မွတ်စလင် များကို အကာ အကွယ် ပေးထား သည့် ဗုဒ္ဓ ဘာသာဝင် များကို မွတ်စလင် များကို ထုတ်မပေး ပါက မီးရှို့ ပစ်မည်ဟု ခြိမ်းခြောက် လျက်ရှိကြောင်း သတင်း ရရှိပါသည်။
+++++++++++++++++++++++++++++++++++++++++++++
ပဲခူးတိုင်းတွင် ညမထွက်ရ အမိန့်ထုတ် ညနေ ၅း၃၀ နာရီ
ပဲခူးတိုင်း အုတ်ဖို မြို့နယ်နှင့် ကြို့ပင် ကောက်မြို့နယ် များတွင် အကြမ်းဖက် သမားများမှ ယမန်နေ့ ညမှစ၍ ဗလီဝတ် ကျောင်းတော်များ၊ မွတ်စလင် များ၏ နေအိမ်များ၊ စီးပွားရေး လုပ်ငန်း များနှင့် ဆိုင်ခန်း များကို ဖျက်ဆီး လျက်ရှိရာ၊ အာဏာ ပိုင်များမှ အခင်း ဖြစ်ပွားမှုကို မထိန်းသိမ်း နိုင်ဘဲ ကြီးထွား လျက် ရှိသော ကြောင့် ညနေ ၆ နာရီမှ မနက် ၆ နာရီထိ ညမထွက်ရ အမိန့်ကို ဒေသပိုင် အာဏာပိုင် များမှ ထုတ်ပြန်ပြီး အသံချဲ့ စက်များဖြင့် လိုက်လံ အသိပေး လျက်ရှိကြောင်း သတင်း ရရှိပါသည်။
+++++++++++++++++++++++++++++++++++++++++++++
မတ်လ (၂၆) ရက် နံနက် ၀၀း၄၅ နာရီ ကြိုပင်ကောက် ပဲခူးတိုင်း ဒေသကြီး၊ ကြိုပင် ကောက် မြို့နယ်သို့ အကြမ်းဖက် သမားများ အုပ်စု နှစ်စုမှ ၀င်ရောက် လာပြီး ဗလီဝတ် ကျောင်းတော်နှင့် မွတ်စလင် များ၏ နေအိမ် များကို ဖျက်ဆီး လျက်ရှိကြောင်း သိရသည်။ အကြမ်းဖက် သမား များကို ရဲတပ်ဖွဲ့ ၀င်များမှ မထိန်းသိမ်း နိုင်ဘဲ လွှတ်ပေးထား ရကြောင်း သတင်း ရရှိ ပါသည်။

+++++++++++++++++++++++++++++++++++++++++++
မတ်လ (၂၆) ရက် နံနက် ၀၀း၁၅ နာရီ အုတ်ဖိုမြို့
ပဲခူးတိုင်း၊ သာယာ ၀တီခရိုင်၊ အုတ်ဖို မြို့နယ်သို့ အကြမ်းဖက် သမား ၄၀၀ ခန့် ၀င်ရောက်၍ မွတ်စလင် များ၏ နေအိမ်များ မီးရှို့ ဖျက်ဆီး နေပြီး၊ အကြမ်းဖက် သမားများ ဖက်မှ အင်အား များသောကြောင့် ရဲတပ်ဖွဲ့ ၀င်များ အခြေ အနေကို မထိန်းသိမ်း နိုင်ကြောင်း သတင်း ရရှိပါသည်။
======================================================
၂၅-၃-၂၀၁၃


မတ်လ (၂၅) ရက် ည ၁၀း၃၀ နာရီ တပ်ကုန်းမြို့ မန္တလေး တိုင်း၊ တပ်ကုန်း မြို့နယ် ရွေးစုရွာရှိ ဗလီ ၀တ်ကျောင်း တော်နှင့် မွတ်စလင် များ၏ နေအိမ် များကို ဖျက်ဆီး နေကြောင်း သိရ ပါသည်။
++++++++++++++++++++++++++++++++++++++++++++++++++

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဆိုင် အားလုံးကို ညကိုးနာရီ အထိသာ ဖွင့်ရန် အမိန့်ထုတ်
ရန်ကုန်တိုင်း ဒေသကြီး အတွင်း တရား ဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေး အတွက် စားသောက်ဆိုင်၊ မီနီမား ကတ် စတဲ့ ဈေးဆိုင် တွေကို ဒီက နေ့ည ကစပြီး ည ၉ နာရီ နောက်ဆုံး ထားဖွင့်လှစ် ရမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က အမိန့် ထုတ်ပြန် လိုက်ပါတယ်။
ဒီအမိန့် ထုတ်ပြန် ရတာနဲ့ ပက်သက်ပြီး ပုဇွန်တောင် မြို့နယ် အုပ်ချုပ် ရေးမှုးက RFA ကိုအခုလို ပြောပါတယ်။
“စားသောက် ဆိုင်တွေကို ညကိုးနာရီ ထိပဲဖွင့်ဖို့ အမိန့် ထုတ်တာ ပါခင်ဗျာ၊ ကိုးနာရီ ကျော်တဲ့ အခါကျရင် သောက်စား မူးယစ်ပြီးတော့ တခြား ပြဿနာတွေ ဖြစ်မှာစိုးလို့ ညကိုးနာရီထိ သာဖွင့်ပါလို့ ကျွန်တော်တို့ အကြောင်း ကြားထား တာပါ ခင်ဗျ”
မနေ့ည ကလည်း ရန်ကုန်တိုင်း အတွင်းက မူစလင် လူမျိုးတွေ အများဆုံး နေထိုင်တဲ့ မင်္ဂလာ တောင်ညွှန့် မြို့နယ်မှာ လူစု လူဝေးနဲ့ ဆူပူဖို့ ကြိုးစား ခဲ့တာတွေ ရှိပါတယ်။ (via RFA Burmese)

+++++++++++++++++++++++++++++++++++++++++++++++
မတ်လ (၂၅) ရက် ည ၇ နာရီ ရန်ကုန်
ရန်ကုန်တိုင်း ဒေသကြီး၊ ပုဇွန်တောင် မြို့နယ်တွင် ည ၉ နာရီ နောက်ပိုင်း အပြင် မထွက်ရ အမိန့် ထုတ်ပြန်ကြောင်း မြို့နယ် အုပ်ချုပ် ရေးမှူးရုံးမှ အသံချဲ့ စက်ဖြင့် နှိုးဆော် လျက်ရှိ ကြောင်း သိရှိ ရပါသည်။ +++++++++++++++++++++++++++++++++++++++++++++++

အိုးသည်ကုန်း မြို့မှာ ဆူပူ တိုက်ခိုက်မှု ဖြစ်ပွား (၂၅-၃-၂၀၁၃ ညနေ ၅ နာရီ)
မန္တလေးတိုင်း အိုးသည်ကုန်း မြို့မှာ အိမ်တွေနဲ့ ပလီ မီးရှို့ ဖျက်ဆီး ခံခဲ့ ရတယ်လို့ သိရပါတယ်။
လူပေါင်း ၃၀ဝ လောက်ပါတဲ့ အုပ်စုဟာ အိုသည်ကုန်းက ပလီ တလုံးကို တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။
မွတ်ဆလင်တွေ ပိုင်ဆိုင်တဲ့ အိမ်နဲ့ ဈေးဆိုင် ၂၀ ကျော်ကိုလည်း ဖျက်ဆီး သွားတယ်လို့သိရပါတယ်။ (via BBC Burmese)
++++++++++++++++++++++++++++++++++++++++++++++++++
မတ်လ (၂၅) ရက် နေ့လည် ၃း၀၀ နာရီ ရန်ကုန်
ရန်ကုန်မြို့ မင်္ဂလာတောင် ညွန့်မြို့နယ်ရှိ ယုဇန ပလာဇာနှင့် မင်္ဂလာဈေး တို့ကို နေ့လည် ၂ နာရီ ခန့်တွင် ပိတ်လိုက်သည်။
မင်္ဂလာတောင် ညွန့်မြို့နယ်ရှိ မွတ်စလင် များအား ညနေ ၄ နာရီတွင် အကြမ်းဖက် သမားများ လာရောက် တိုက်ခိုက် မည်ဟု သတင်းများ ထွက်ပေါ် လျက်ရှိ သောကြောင့် စိုးရိမ်ကြောင့် ကြလျက် ရှိကြောင်း သိရသည်။
++++++++++++++++++++++++++++++++++++++++++
မတ်လ (၂၅) ရက် နံနက် ၃:၀၀ နာရီ ရန်ကုန်
ရန်ကုန်မြို့ ၂၉ လမ်းသို့ အကြမ်းဖက် သမားများ ကားနှစ်စီးဖြင့် ၀င်ရောက်၍ လမ်းပေါ်တွင် ရပ်ထားသော ကားအချို့ ဖျက်ဆီး နေစဉ် ရပ်မိ ရပ်ဖများ ထွက်လာ သောအခါ ကားကို မောင်းနှင်၍ ထွက်ပြေး သွားကြောင်း သတင်း ရရှိပါသည်။

++++++++++++++++++++++++++++++++++++++++++++


မတ်လ ၂၅ ရက် ၂၀၁၃ – နံနက် ၀၂း၀၀ ရန်ကုန်
အကြမ်းဖက် သမားများသည် ဒိုင်နာကားဖြင့် လမ်း ၁၃၀ ရောင်နသ် ဗလီအား ခဲများဖြင့် ပစ်ပေါက် အပြီး မြယာကုန်းလမ်း အတိုင်းမောင်းပြေးကာ ၁၁၈လမ်းထိပ် အရောက်တွင် ကားမှာ အရှိန်လွန်ပြီး မှောက်လု ဆဲဆဲဖြစ်ခဲ့ သော်လည်း မမှောက်ပဲ အမဲဈေး ဖက်သို့ မောင်းထွက် သွားကြောင်း အဆိုပါ ကားအနောက်မှ တွဲ ၍ ရဲကား တစ်စီးလဲ အတူ မောင်းနှင် သွားကြောင်း မျက်မြင် များက သတင်းပေး ပို့ပါသည်။
၁၃၈ လမ်းသို့ အဆိုပါ အကြမ်းဖက် သမား များသည် ကား ၂ စင်းဖြင့် သွားခဲ့ သော်လည်း ရပ်ကွက်တွင်း နေထိုင် သူများက ဟန်ု့တား နိုင်ခဲ့ သဖြင့် ပြန်ထွက် သွားကြောင်း သိရပါသည်။ (via Myanmar Muslim Net)

+++++++++++++++++++++++++++++++++++++++++++++
“တပ်ကုန်းနဲ့အုတ်ဖိုမှာ အမည်မသိလူအုပ်စုတွေ ဝင်ရောက်မီးရှို့” 
မန္တလေး တိုင်းဒေသ ကြီးနဲ့ ပဲခူးတိုင်း ဒေသကြီး တွေမှာ မတ်လ ၂၄ ရက်နေ့ ညပိုင်းက နေအိမ် မီးရှို့ ဖျက်ဆီးမှု တွေ ဖြစ်ပွား ခဲ့တယ်လို့ RFA က စုံစမ်း သိရ ပါတယ်။
မန္တလေးတိုင်း တပ်ကုန်း မြို့နယ် ရွာသစ် ကြီးကျေးရွာ (အနော်ရထာ) ရပ်ကွက် မှာ ပလီ တစ်ခု အပါအဝင် အိမ်ငါးလုံး မီးရှို့ ဖျက်ဆီး ခံရတယ်လို့  အဲဒီ နေရာကို ရောက်ရှိ နေတဲ့ ရဲအရာရှိ တစ်ဦးက RFA ကို အတည်ပြု ပြောကြား ပါတယ်။
မနေ့ည မှာတော့ တပ်ကုန်း မြို့နယ် အတွင်းကို အမည် မသိ လူအုပ်စုတွေ ဝင်လာပြီး ရွာသစ်ကြီး ကျေးရွာ (အနော်ရထာ ရပ်ကွက်)၊ ဓညဝတီ ရပ်ကွက်နဲ့ ဗိုလ်မင်းရောင် ရပ်ကွက် တွေမှာ ဆူပူမှု တွေ ဖြစ်ပွား အောင် လှုံဆော်သွား တယ်လို့ တပ်ကုန်း မြို့နယ် မီးသတ် တပ်ဖွဲ့က အရာရှိ တစ်ဦးက ပြောပါတယ်။
ပဲခူးတိုင်း အုတ်ဖိုမြို့နယ် အိုးသဲ ကုန်းကျေးရွာ မှာလည်း အမည်မသိ လူအုပ်စုတွေ ဝင်ရောက် လာပြီး ရုန်းရင်း ဆန်ခတ်ဖြစ်အောင် လုပ်ဆောင်နေတာ ရှိတဲ့အတွက် နယ်မြေခံ စစ်တပ် အကူအညီနဲ့ သွားရောက် ထိန်းသိမ်း နေတယ်လို့ သာယာဝတီ ခရိုင် ရဲတပ်ဖွဲ့က RFA ကိုပြောပါတယ်။
++++++++++++++++++++++++++++++++++++++++++++++
မတ်လ ၂၅ ရက် ၂၀၁၃ – နံနက် ၀၀း၄၅ 
တပ်ကုန်း မြို့မဗလီ၊ ဘာသာရေး စာသင်ကျောင်း များနှင့် နာရေး ကူညီမှု ကားများ ဖျက်ဆီးခံ လိုက်ရကြောင်း သတင်း ရရှိ ပါသည်။ (via Myanmar Muslim Net)
=====================================================
၂၄-၃-၂၀၁၃ ၁၀း၀၀ နာရီ (ညပိုင်း)
ရန်ကုန်တိုင်း – မတ်လ ၂၄ ရက် ၂၀၁၃ – ည ၁၁း၄၅
အထက် ပန်းဆိုးတမ်း လမ်းရှိ ရွာဟောင်း ဗလီအား လာရောက် ဖျက်ဆီးမည် ဖြစ်ကြောင်း ခြိမ်းခြောက် စာများ လာပစ် သွားကြောင်း သတင်း ရရှိပါသည်။
ရန်ကုန်တိုင်း မင်္ဂလာတောင် ညွှန့်အနီးရှိ ဘုန်းကြီး ကျောင်းမှ ဘုန်းကြီး များကား ၃ စီးအပြည့် ထွက်သွား ကြောင်း သတင်းပေး ပို့ထား ပါသည်။ (via Myanmar Muslim Net)
++++++++++++++++++++++++++++++++++++++++++++++
ပဲခူး အုတ်ဖိုမြို့နယ် အိုးသည်ကုန်း – သတင်း ည ၁၁ နာရီ
ပဲခူးတိုင်း အနောက်ခြမ်းရှိ အိုးသည် ကုန်းမြို့နှင့် ရေကျော်ရွာ တို့တွင် မုစ်လင်မ်များ၏ အိမ်များ ၊ ဂျမာအသ် ခါနဟ် ယခု ဖျက်စီးခံ aနရကြောင်း သတင်း ရရှိသည်။ (via Myanmar Muslim Net)
+++++++++++++++++++++++++++++++++++++++++++++++
ပဲခူး အုတ်ဖိုမြို့နယ် အိုးသည်ကုန်း – သတင်း
ပဲခူး အုတ်ဖိုမြို့နယ် အိုးသည် ကုန်းကို ယနေ့ည (၁၀) ခန့်တွင် အကြမ်းဖက် တိုက်ခိုက် ခံနေရကြောင်း အိုးသည်ကုန်း ဗလီ ဖျက်ဆီးခံ လိုက်ရကြောင်း သတင်း ရရှိပါတယ်။ (via Myanmar Muslim Net)
-++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော် တပ်တုန်းမြို့
နေပြည်တော် တပ်ကုန်းမြို့ အနီး ရွာသစ်ရွာကို အကြမ်းဖက် သမား အင်အား (၁၂၀) ခန့်မှ ကားနှစ်စီး ဖြင့် ၀င်ရောက် တိုက်ခိုက်ရန် ကြိုးစားနေ ကြောင်းသိရှိ ရပါသည်။

==================================================
၂၃-၃-၂၀၁၃ ၁၀း၀၀ နာရီ (ညပိုင်း)
မန္တလေး တိုင်းဒေသကြီး ပျော်ဘွယ် မြို့နယ်နှင့် ရမည်းသင်း မြို့နယ် ကြား အနောက် ဘက် ၁၀ မိုင် အကွာ တွင် တည်ရှိသော ရွာတန်းရွာရှိ တစ်ခုတည်းသော ဗလီကို ဗုဒ္ဓဘာသာ အစွန်းရောက် အကြမ်းဖက် သမား များ မှ မီးရှို့ဖျက်ဆီး လိုက်ပြီး၊ ရွာအတွင်း မွတ်စလင်တို့၏ နေ အိမ် ၅၀ ခန့်ကိုလည်း မီး ရှို့ဖျက်ဆီး လိုက်ကြောင်း သတင်း ရရှိပါသည်။
နေပူကုန်း ရွာကို ဆက်လက် တိုက်ခိုက်ရန် ကြိုးစားခဲ့ သော်လည်း ရွာသားများ၏ ပိတ်ဆို့ ဟန့်တား မှုကြောင့် ရွာအတွင်းသို့ ၀င်ရောက် တိုက်ခိုက်၍ မရခဲ့ဘဲ နောက်ပြန် လှည့်သွားကြောင်း သိရပါသည်။ – RFA မြန်မာ ပိုင်းမှ ပြောကြားချက် -
“ရမည်းသင်းမီးလောင်မှု နောက်ဆက်တွဲ”
ယမန်နေ့ည (မတ်လ ၂၃ရက်နေ့) ည ၈ နာရီခန့်က ရမည်းသင်း မြို့နဲ့ ၈ မိုင်အကွာက ရွာတန်းရွာမှာ မီးလောင် ကျွမ်းမှု ဖြစ်တဲ့ အတွက် အစ္စလာမ် ဘာသာရေး ဝတ်ပြု ကျောင်းတစ်ကျောင်း အပါအဝင် အိမ်ခြေ ၅၅ လုံးမီးလောင် ပျက်စီး ခဲ့တယ်လို့ RFA ကစုံစမ်း သိရပါတယ်။
ဒီမီးလောင်မှုဟာ အယောက် တစ်ရာခန့်ရှိတဲ့ အမည်မသိ လူအုပ်စုတစ်စုရဲ့ လက်ချက် ဖြစ်ပြီး ဒီပြဿနာဟာ မိတ္ထီလာမြို့မှာ သုံးရက်ကြာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းနဲ့ ပက်သက်မှု ရှိတယ်လို့ ရမည်းသင်း ခရိုင် ရဲတပ်ဖွဲ့မှုး ရုံးက ရဲအရာရှိ တစ်ဦးက ဆိုပါတယ်။


Related Posts Plugin for WordPress, Blogger...