Friday, July 19, 2013

မြိတ်မြို့ အာဇာနည်နေ့ အခမ်းအနား


မြိတ်မြို့ ဇူလိုင်လ ၁၉ ရက်နေ့  အာဇာနည်နေ့ အခမ်းအနားအား နှစ်စဉ် အခမ်းအနားပြုလုပ်နေကြ   ခေတ်အဆက်ဆက်မှ အသက်သွေးပေးလှူသွားခဲ့သော အာဇာနည်များကို ဂုဏ်ပြုစိုက်ထူထားသည့် အာဇာနည် ကျောက်တိုင်တွင် လွမ်းသူပန်းခွေချ အလေးပြုခွင့် မရသဖြင့် ဗိုလ်ချုပ်ကြေးရုပ်တွင် အာဇာနည်နေ့အခမ်းအနားအား အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

အာဇာနည်နေ့ အခမ်းအနားချီတက်အလေးပြုမည့် အလံကိုင်အဖွဲ့ အတွင်းသို့ လူတစ်ဦး အတင်းပြေးဝင်လာပြီး နိင်ငံတော်အလံအား ဆုတ်ဖြဲရန် ကြိုးစားခဲ့ရာ အနည်းအကျဉ်း ရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ရပါသည်။ထိုသူအား ဘေးပါတ်ဝန်းကျင်ရှိ လုံခြုံရေးအဖွဲ့မှ အနီးရှိ တာဝန်ကျ ရဲများထံ အပ်နှံခဲ့ပါသည်။

အာဇာနည်နေ့အခမ်းအနားအား ဌာနဆိုင်ရာများ လုံးဝ တက်ရောက်ခြင်း မရှိပဲ ၊ မြိတ်မြို့နယ် NLD၊ မြိတ်ခရိုင် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၊ မြိတ်တက္ကသိုလ်များ ကျောင်းသားသမဂ္ဂ နှင့် အောင်မင်္ဂလာရပ်ကွက် ပြည်သူကိုယ်စားပြု လွမ်းသူပန်းခွေချ ချီတက်အလေးပြုခဲ့ရာတွင် ပြည်သူများအပါအဝင် စုစုပေါင်း လူထုအင်အား ၆၀၀ ကျော်ခန့် တပ်ဆင်ကြလျက် တက်ရောက် အလေးပြုခဲ့ပါသည်။

ကိုတုတ်

by Myanmar News Now

မြိတ်မြို့ အာဇာနည်နေ့ အခမ်းအနား  မြင်ကွင်း ဓါတ်ပုံများ







Related Posts Plugin for WordPress, Blogger...